နယ်ရုံးများ၏သတင်းများ

Apr 01,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ နေ့လည် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ‌ရေးသားထားသည့် “ လူငယ်အညွန့်အဖူးလေးများအတွက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 01,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ရုပ်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက  ကျင်းပခဲ့ကြောင်း သိရသည်။
Apr 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး နိုင်ငံသားကတ်(မှတ်ပုံတင်) အကြောင်း သိကောင်းစရာ ( Talk Show) အစီအစဉ် ကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 01,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နွေရာသီ ပန်းချီ သင်တန်းဖွင့်ပွဲကို ဧပြီ ၁ ရက်၊ နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပသည်။
Apr 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုဝင် စာမေးပွဲအား ပြည်ကြီးမဏ္ဍိုင်  စာစစ်ဌာနတွင် ယနေ့တွင် အင်္ဂလိပ်စာ ဘာသာအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီဆက်လက်ဖြေဆိုကြကြောင်းသိရသည်။
Apr 01,2022
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အခြေခံ ကွန်ပျူတာ နှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်​ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
Apr 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)မထိုးနှံရသေးသောပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများ၊ ထပ်ဆောင်းကာကွယ်ဆေး  (Booster Dose)ကို Mobile စနစ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်တကျသွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 01,2022
 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) နှင့် ရိုးရာဂျပ်ခုတ် သင်တန်းအမှတ်စဉ်(၁၈) သင်တန်းများဆင်းပွဲကို ယမန်နေ့  နံနက် ၉ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။