နယ်ရုံးများ၏သတင်းများ

Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံ ခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စု များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်၈ နာရီမှ ညနေ ၃ နာရီအထိအကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူမျာရောဂ COVID SHIELD ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကဓရီဓမ္မာရုံနှင့် ကျိုက္ကစံဘုရား ဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌  ကိုဗစ်ထိုးနှံပေါကာကွယ်ဆေးများကိုဆက်လက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Mar 27,2022
ကြက်​ခြေနီအသင်း၏ လုပ်ငန်းစဉ်(၃)ရပ်အ​ကောင်ထည်​ဖော်နိုင်​ရေး၊ နိုင်ငံ​တော်အတွင်းဖြစ်​ပေါ် လျက်ရှိ​သော သဘာဝ​ဘေးအန္တရာယ်များနှင့် အ​ရေး​ပေါ်အ​ခြေအ​နေများဖြစ်​ပေါ်လာချိန်တွင် စနစ် တကျကူညီ​ဆောင်ရွက်​ပေးရန်၊​ ရှေးဦးပြုစုခြင်းစွမ်းရည်များနှင့် ကြက်​ခြေနီအဖွဲ့ဝင်​စေတနာလုပ်အားရှင်အင်အား တိုပွားလာ​စေရန်ရည်ရွယ်၍  ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်၊ မြို့နယ်ကြက်​ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှကြီးမှုး၍​ရှေဦးပြုစုခြင်း(အ​ခြေခံ) သင်တန်း ၁/၂၀၂၂ကို ယ​နေ့နံနက် ၉ နာရီတွင် ဒုတိယ​နေ့အဖြစ်အမှတ်(၈)ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာ၊အမှတ်(၇)အ​ခြေခံပညာမှုလတန်း​ကျောင်း၌ ဆက်လက်သင်ကြားလျက်ရှိသည်။
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင်အခြေခံ အားကစားနည်းများဖြစ်သော အေရိုးဗစ်နှင့် မြန်မာ့သိုင်းအခြေခံအားကစားနည်းများကို သင်တန်းအခမဲ့ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် အခြေခံ ပညာမူလတန်း အမှတ် (၇) ကျောင်း၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 27,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနား ခရိုင်၊ ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 27,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများလုပ် ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီးသတင်းရေးသားနည်းပညာကျွမ်းကျင်မှုအရည်အသွေးမြင့်မားလာစေရန်နှင့် သတင်းမီဒီယာဆောင်ရွက်နေသောဝန်ထမ်းများ အရည်အသွေးမြှင့်မားလာ စေရေးတို့အတွက် လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများအတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်းကျွမ်းကျင်မှုသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထု အခြေပြု ဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယမန်နေ့နံနက်၉နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သည်။
Mar 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေ ရေးနှင့် စျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီနှင့်  မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်၈နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ် ခန်းမရှေ့တွင် ဆန်၊ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါ ကြောင်းသိရသည်။
Mar 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးသိန်းဇော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးတို့က တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အခြေခံမဲဆန္ဒရှင် စာရင်းများပြည့်စုံမှန် ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများအား မတ်လ ၂၃ မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Mar 27,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကွမ်းခြံကုန်းအုပ်စု၊ မီးသွေးတိုက် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။