နယ်ရုံးများ၏သတင်းများ

Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အင်္ဂပူမြို့အမှတ်(၂) ရပ်ကွက် ရွှေဘုန်းပွင့်(မြောက်) လမ်းတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
Mar 27,2022
မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီကျင်းပသည်။
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံတစ်ဝန်းလူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲများကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ  ပညာပေးဟောပြောပွဲကို မတ်လ( ၂၆)ရက်နေ့ နံနက် ၁၁နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 27,2022
မွန်​ပြည်နယ်၊ မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတားကို မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မင်းလမ်း-ဆည်မြောင်းလမ်းနှင့် ၂ လမ်းကြား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လမ်းမုဒ်ဦး ရှေ့တွင် ဆောင်ရွက်သည်။
Mar 27,2022
(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြု​သောအားဖြင့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ကျိုက္ခမီမြို့စည်ပင်သာယာ​မြို့မစျေး ပင်မ​စျေးရုံအ​ဆောက်အဦးသစ်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါပင်မ​စျေးရုံအ​ဆောက် အဦး​ရှေ့တွင်ကျင်းပသည်။
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်အား (အခမဲ့)ဖြန့်ဝေခဲ့ သည်။