နယ်ရုံးများ၏သတင်းများ

Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 27,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ 
Mar 27,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ရွေညီလာခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 27,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊   ကျောက်မဲခရိုင်၊   နောင်ချိုမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍  မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့ စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Mar 27,2022
 ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က ဒွါရာဝတီမြို့ မဈေးနှင့် ဆိုက်ကားဂိတ်၊ ကားဂိတ်တို့တွင်အခမဲ့ဖြန့်ဝေခဲ့သည်။
Mar 27,2022
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ်စာအုပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre)  တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် မတ် ၂၇ ရက်တွင်ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင် ပြန်/ဆက်ဦးစီးဌာနရုံး (Community Centre )ခန်းမတွင်ကျင်းပခဲ့​သည်။
Mar 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံ ခရမ်းချဉ်သီး စိုက်ခင်းများ နောင်ကျော့ရပ်ကွက်နေ ဦးအောင်ငွေ၏ ယာခင်းအတွင်း စိုက်ပျိုးထားရာ စိမ်းစိုလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။