နယ်ရုံးများ၏သတင်းများ

Mar 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ကျင်းပသည့် လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပရာ အခမ်းအနားသို့ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကြီးဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်အယ်လ်မာစိုး၊ ပုသိမ်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာမြင့်နန္ဒာသိန်းနှင့် ဘာသာရပ်အလိုက် သင်ကြားပြ သသည့် ပါမောက္ခဌာနမှူးများ၊ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့၊ သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ နှင့်ဘာသာရပ်အသီးသီးမှကျောင်းသား /ကျောင်းသူများစီမံဝန်ထမ်းများ တက်ရောက်ကြသည်။
Mar 25,2022
နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပုရွက်ဆိတ်ကုန်း ကျေးရွာရှိ ရွာဉီးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။
Mar 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၂ခုနှစ် ၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကား ရာမြို့ပေါ်ရပ်ကွက်နေရာများ၊ ဈေးသည်ဈေးဝယ်များသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
Mar 25,2022
၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့တွင် ပြည်သူ့စာကြည့်တိုက်စာဖတ်စာငှားသူများနှင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်များ၊ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
Mar 25,2022
ဘားအံမြို့နယ် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းပေါ်ရှိ ကော့မူးတာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုလမ်းကို ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူ များ၊ နိုင်ငံခြားခရီး သွားဧည့်သည်များအနေဖြင့် ဇာသပြင်အဖြောင့်လမ်းမှ သမိုင်းဝင်မဟာ ဆဒ္ဒန်ဂူ တော်၊ ဇွဲကပင်တောင်တော်နှင့်ဇွဲကပင်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ အချိန်တိုတိုနှင့် သွားရောက် လည်ပတ်ဖူးမြော်နိုင်မည်ဖြစ် ကြောင်း၊ ပြည်နယ်ချင်းဆက်လမ်းများဖြစ်သည့် ဇာသပြင် အဖြောင့်လမ်း၊ အိန္ဒု-ဇာသပြင် လမ်း၊ မြဝတီ-ဘားအံ အာရှလမ်းမကြီးတို့ နှင့် ချိတ်ဆက်ထားခြင်းကြောင့် ကျေးလက်ထုတ်ကုန်များကို ဈေးကွက်သို့ လျှင်မြန်စွာတင်ပို့ရောင်းချနိုင်သည့်အပြင် လမ်းပန်း ဆက်သွယ်ရေးလွယ်ကူချောမွေ့မြန်ဆန်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှု စီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လမ်းများရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျေးလက်နေပြည်သူများ က ဌာနဆိုင်ရာများ နှင့် အတူပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
Mar 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ(၁)နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
Mar 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ(၁)နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။