နယ်ရုံးများ၏သတင်းများ

Mar 21,2022
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အဖြစ် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော် ကို  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ စန္ဒဝတ်ကျေးရွာအုပ်စု ရွာသစ် ကြိုးဝိုင်းအကွက် အမှတ်(၁၉)တွင် ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့ပြီး ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇) ဆနှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲက ယနေ့နနံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်​သည်။
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက အ.ထ.ကထန်းတပင်ကျောင်းမှ ဆရာ/ဆရာမများ၊‌ ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စက်ကုန်းအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူပေါင်း၍ ဂုံရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရေးသားပြုစုသည့် “တာဝန်ကိုယ်စီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ ၁၇ ရက် ညနေ ၂ နာရီခွဲအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre  ခန်းမ၌ မတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Mar 21,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။