နယ်ရုံးများ၏သတင်းများ

Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် နွေရာသီရောက်ရှိလာသည်နှင့် အမျှ အပူဒဏ်ခံနိုင်ရန်အတွက် ထန်းရွက်အမိုးများအသုံပြုလာကြ၍ ထန်းလုပ်ငန်းလုပ်ကိုင် ကြ​သူများဟာ ထန်းရွက်ခုတ်ရောင်းခြင်း၊ ထန်းလျှော်များပြုလုပ်ရောင်းချလျက်ရှိရာ ထန်းလုပ်ငန်းလုပ်ကိုင်သူများ နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကွက် စာရေးများ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ်(၁) ရပ်ကွက်၌ ပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ပြည်သူများသတိရှိရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံနှိုးဆော် အသိပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမမှာ ယမန်နေ့ နံနက်(၁၁)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများအား ကတ္တာထပ်ပိုးလွှာခင်းပေးခြင်း၊ သောက်သုံးရေများဖြန့်ဝေခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆင်(၂)ကောင်ရပ်ကွက်၊ နယ်မြေ(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။
Mar 22,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေး (Talk Show) ကို ယမန်‌နေ့က လူထု အခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Mar 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက် ရှိသည်။