နယ်ရုံးများ၏သတင်းများ

Mar 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူလူထုအသိပညာဗဟုသုတတိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စလင်းမြို့ အထက်တန်းကျောင်းဝိုင်း အတွင်း၌ အခမဲ့ဖြန့်ဝေခဲ့သည်။
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိင်စေရန် မုန်တိုင်းသတိပေးချက်အား အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၅ နာရီက မြို့တွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်အသိပေး ဆောင်ရွက်ခဲ့ကြသည်။
Mar 21,2022
ဆွမ်ပရာဘွမ်မြို့တွင်၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 21,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် နယ်စပ်ဒေသ များတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေးအတွက် လမ်းတံတားလုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့နယ်၊ မြို့နှင့်အလှမ်းဝေးသည့် ယမ်းကောင်ကျေးရွာအုပ်စု အတွင်းရှိ
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကို မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
Mar 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Mar 20,2022
ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာ​ရေးတို့ ပူး​ပေါင်းကျင်းပသည့် "လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး​ရေး"အသိပညာ​ပေး​​ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က အမှတ်(၁) အ‎​ခြေခံပညာအထက်တန်း​ကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 20,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်မိုးယံ ရေးသားသည့် လူငယ်နှင့် အနာဂတ်ဘဝမြှင့် တင်ရေး ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။