Mar 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ မိဘ ပြည်သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးလက်မှတ်ရှိ/ မရှိစစ်ဆေးခြင်းနှင့်ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ပလောက်နယ်မြေရဲစခန်းအရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။