Jan 15,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များစာဖတ်ရှိန်မြင့်မားရေးအတွက် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင်ဗဟု သုတများကို အသုံးချတတ်စေရန်၊ တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ကျောင်းသားကျောင်းသူများဖြင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ကိုယ့်ကိုယ်ကို ယုံကြည်မှု စာအုပ်ဖြင့် ဇန်နဝါရီလ(၁၄)ရက် နေ့လည်(၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။