နယ်ရုံးများ၏သတင်းများ

Jan 05,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဝင်များဖြင့်  စာဖတ်ဝိုင်းကျင်းပခဲ့ရာ   စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့်  “စာပေတာဝန်” စာအုပ်ကို ဇန်နဝါရီ   ၃ ရက် မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ် မြောက် အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဇန်နဝါရီ(၄)ရက်နေ့ နံနက်(၆:၃၀)နာရီက လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားတက်ရောက်လာသူ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၇) နာရီအချိန်က ဌာနဆိုင်ရာတာဝန်ခံများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မစျေးအတွင်းနှင့် နံနက်ခင်းစျေးမှ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Jan 04,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့ပေါ်ရပ်ကွက်များ၊ လက်ဖက်ရည် ဆိုင်များ၊ မြို့မစျေးနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေခဲ့သည်။
Jan 04,2022
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်နှင့် မြဝတီမင်းကြီးလမ်းတစ်လျှောက်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Jan 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ‌ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 04,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၄နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။