နယ်ရုံးများ၏သတင်းများ

Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာ ကျောင်းများနှင့် ဈေးများတွင် ဖြန့်ဝေခဲ့သည်။
Jan 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 04,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၇)နာရီအချိန်က ကျင်းပခဲ့သည်။
Jan 04,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်း‌‌ဘော့မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို စည်ပင်သာယာဈေးနှင့် လူသွားလူလာများသောလမ်းဆုံ၊ လမ်းခွ နေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဆိပ်ကြီး ခနောင်တိုမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းနှင့် အထက ကျောင်းတို့တွင် ယနေ့ နံနက် ၄ နာရီမှ စ၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 04,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ရုံးများနှင့်အခြေခံပညာ စာသင်ကျောင်းသို့ သွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ( ၄ )ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိဌာနဆိုင်ရာများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ စားသောက်ဆိုင်များ၊ ကျောင်းသား/ကျောင်းသူများ၊ သဗ္ဗန်ဆိပ်နှင့် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ သွားရောက်၍လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။