နယ်ရုံးများ၏သတင်းများ

Jan 03,2022
ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် မြန်မာစကားပုံဆက်ပြိုင်ပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ကျောက်တလုံးကြီးမြို့၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ပြည်သူ့များထံသို့ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သင်္ဃန်ကျွန်း) ခရိုင်ရုံး မြေစိုက်နံရံကပ်ပြ ဘုတ်တွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ ဗဟုသုတရ ဖွယ်များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး စာသားများပါဝင်သည် ဗွီနိုင်းများကို ပြည်သူများသိရှိစေနိုင်ရေး ယနေ့၊ နံနက် (၈) နာရီအချိန်က မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်းသိရှိရသည်။
Jan 03,2022
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဌာန၊ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့ရုံး ဉီးစီးမှူး နှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၁:၀၀ နာရီအချိန်တွင် ပင်လုံမြို့ အထက(၁)ကျောင်း၌ သတင်း စကားလက်ကမ်း စာစောင် စုစုပေါင်း(၂၅၀)စောင် လိုက်လံဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
Jan 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိဌာနများ၊ ယာယီပျံကျဈေးနှင့် စားသောက်ဆိုင်များတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သွားရောက် ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၁.၀၀) နာရီအချိန်ကပုဇွန် တောင်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့် ပက်သက်သည့်အကြောင်းအရာများကို ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်အား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လိုက်လံ ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။