နယ်ရုံးများ၏သတင်းများ

Nov 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၀:ဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် သွား‌ရောက်ငှားရမ်း ပေးခဲ့သည်။
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 29,2021
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း  သိရသည်။
Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 27,2021
သထုံခရိုင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေး ဌာနနှင့် ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ​အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မိုင်းပျဉ်း မြို့နယ်ရုံး (Community Center) ခန်းမတွင်ကျင်းပသည်။
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ (၉) ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၂၀) ဦး  ပေါင်း (၂၉) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ မရှိကြောင်း သိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ ပြန်လည် ကျန်းမာလာသူ (၆) ဦး ရှိကြောင်း သိရသည်။