နယ်ရုံးများ၏သတင်းများ

Nov 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် အမျိုးသားစာပေဆုရ မင်းသူရိန်၏ ဘဝပုံရိပ်လွှာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျွဲပေါင်ပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 04,2021
ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်ကုတ်မြို့နယ် အတွင်းရှိ ဝဥ စိုက်ပျိုးထုတ်လုပ် သူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ခဲ့သည်။
Nov 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Quarantine Centre အတွက် ထောက်ပံ့ ပစ္စည်းများကို ယနေ့နံနက်(၉)နာရီချိန်က လဟယ်မြို့ ကိုဗစ်-၁၉ ယာယီစင်တာစခန်းဝင်း၌ ပေးအပ်ခဲ့‌ကြောင်းသိရသည်။
Nov 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့ နံနက်(၁၀)နာရီက ဇေယျမင်္ဂလာကျောင်းတိုက်၊ မေတ္တာစံအိမ်ပရဟိတဂေဟာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 03,2021
နွေရာသီ ကာလသို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေ(ယာယီ)စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ စျေးအတွင်း မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့်
Nov 03,2021
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး ခြင်းကို ၂၀၂၁ခုနှစ် ၊ မေလ ၃ ရက်နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာများ အထိကွင်းဆင်း၍ ကိုဗစ်-၁၉စည်း ကမ်းချက်များနှင့်အညီပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။