နယ်ရုံးများ၏သတင်းများ

Nov 11,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦရေစာရင်းများကို နေ့စဉ် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ(၁၁)ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၇၆၉)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၇၃၇)ခုတို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ပြုလုပ်ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးဦးခင်ဆွေထံမှသိရသည်။
Nov 11,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံက် (၉း၀၀) အချိန်က အသက်(၄၅)နှစ်အထက် ရက်ကွက်နေပြည်သူများ၊ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ဆောင် ရွက်ပေးလျက် ရှိကြောင်းသိရသည်။
Nov 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် နံနက်(၀၉:၀၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ တွင်အသက် ၁၈ နှစ်အထက်နှင့် သက်ကြီးဘိုးဘွားများကို အလှည့်ကျစနစ်ဖြင့် ကိုဗစ်၁၉ ကာကွယ်ဆေး ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 11,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် ယနေ့၊ နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လ.ဝ.က ဦးစီမှူးဦးရဲထွန်းနှင့် ဝန်ထမ်းများက ဆ/ကရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်အသက် ၁၈ နှစ် နှင့်အထက် ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
Nov 11,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Nov 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျန်းမာရေးဝန်းကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များခရီးသွားလာမှု အဆင်​ချောမွေ့စေရေး၊ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားသော(SOP)များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်တွင် အမြန်ယာဉ်ငယ်ဂိတ်၊ စက်တပ်ရေယာဉ်ဆိပ်နှင့် မြို့အဝင်ဂိတ်တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။