နယ်ရုံးများ၏သတင်းများ

Oct 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၄၅ နှစ်နှင့် ၅၄ နှစ် ကြားရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုအလိုက်ကာကွယ်‌ဆေး ထိုးနှံပေးရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဦးထွန်းအိုရပ်ကွက်ရှိ (ထ-ခွဲ )
Oct 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်ကာလအတွင်း စား၀တ်နေရေးအစဉ်ပြေစေရန် ဆန်၊ ဆီ၊ စသည့်စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယနေ့နံနက် ၈ နာရီခွဲ အချိန်က သုံးခွ မြို့မဈေးအနောက်ဘက်၌ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 22,2021
ရွာသစ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေး နှိုးဆော်မှုကို ယ‌နံနက် ၁၁ နာရီ အချိန်တွင် ဆောင်ရွက်လျက်ရှိသည်။
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြသလွန်ဘုရားတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါ တော်နေ့တွင်) ဘုရားဖူးပြည်သူများနှင့် ကုသိုလ်အလှူပြုလုပ်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
Oct 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအတွက် (ENDO)အရှေ့နာဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းမှ ကိုဗစ်-၁၉ စင်တာ အတွက် ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁ဝး၀၀)အချိန်က လဟယ်မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းအတွင်း၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးရာတွင် အဆင်ပြေချော့မွှေ့စွာ ထိုးနှံနှိင်ရေးအတွက် ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 14,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်းဝင် အတွင် ယနေ့ နံနက် ၉ နာရီ အချိန်က “ပန်းခင်း” စီမံချက်နှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှ ဝန်ထမ်းများက ကျင်းပပြုလုပ်ကြောင်း သိရသည်။