နယ်ရုံးများ၏သတင်းများ

Nov 03,2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရေးအတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Nov 02,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း၌ ကျောင်းများ ယာယီပိတ်ထားရာမှ ယမန်နေ့ နံနက် ၉ နာရီမှစ၍ တစ်ပြိုင်နက်ပြန်လည် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်းသိရသည်။
Nov 02,2021
ကိုဗစ်-၁၉​ ရောဂါ ကူးစက်မှုကြောင့် စာသင်ကျောင်းများ ခေတ္တပိတ်ထားခဲ့ရာ ယနေ့တွင် အခြေခံပညာ​ကျောင်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်​​နေ့မှ စတင်၍ဖွင့်လှစ်ခဲ့ရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိ​ကြောင်း သိရသည်။
Nov 02,2021
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများကို ၂၀၂၁-၂၀၂၂ပညာသင်နှစ် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီးဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၅)ကျောင်းရှိ ပြီးကျောင်းအပ်နှံထားသူအားလုံး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Nov 02,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်းတို့အား ယနေ့နိုဝင်ဘာလ(၁)ရက်နေ့မှစတင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း လည်းသိရသည်။
Nov 01,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှားတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 01,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်မှစတင်ပြီး ကျောင်းများဖွင့်လှစ်၍ ကျောင်းသူ/ကျောင်းသားများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Nov 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ ကျောင်းသို့ တက်ရောက်ကြပြီး အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။