Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း ကောလင်းမြို့ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ၊ ကလေးငယ်များအတွက် ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် စာအုပ်များမိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် ဆေးရောင်ခြယ်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ စာကြည့်တိုက်ကလေးစာဖတ်ခန်းမှ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။