Sep 21,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ပြန့်ပွား ကူးစက်လာသည့်အတွက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာဈေးများနှင့် မြို့နယ် တွင်းရှိဈေးဆိုင်များ၊ ဆိုင်ခန်းများအား တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရန် အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးဝင်းခိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီတွင် အသံချဲ့စက်နှင့်အတူ ဈေးဆိုင်ခန်းများအရောက် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။