Aug 19,2020
မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့များ ရရှိအသုံးပြုနိုင်စေရန်နှင့် အရည်အသွေး ပြည့်ဝသော စပါးမျိုးစေ့များ အောင်မြင်စွာထုတ်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ကက္ကူကျေးရွာ အုပ်စုရှိ တောင်သူ ဦးခွန်မြင့်အောင်၏ ရွှေရင်အေးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။