နယ်ရုံးများ၏သတင်းများ

Feb 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲ များကျင်းပခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 14,2024
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က Book Club နှင့် ပူးပေါင်း၍ မောင်မင်းစိုး၏ “မအောင်မြင်ခြင်းရဲ့ ဇာတ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Feb 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ် (၁၂) နာရီ (၁၅) မိနစ်အချိန်က ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြိုတွင်  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲဝင်များနှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင်ဖြန့်ဝေခဲ့သည်။