နယ်ရုံးများ၏သတင်းများ

Jan 02,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုကျင်းပလျက်ရှိရာ အလွတ်တန်းဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ များကို ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီမှစတင်၍ ယှဉ်ပြိုင်ကစားလျက်ရှိကြပြီး ဇန်နဝါရီလ(၄)ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရသည်။
Jan 02,2020
မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ကျောင်းနေအရွယ်ခလေးများ သိရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ပေးလျက်ရှိရာ စာစီစာကုံးပြိုင်ပွဲတွင် လွိုင်လင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၉ ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ ၁၉ ဦး လာရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။
Jan 02,2020
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပ ပြုလုပ်ခဲ့သည်။
Jan 02,2020
ပဲခူးတိုင်း‌ဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ပန်းတော (၂) ကျေးရွာ၊ အပ္ပမာဒဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် နှင့် ဒေသခံပြည်သူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2020
၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ပြိုင်ပွဲကျင်းပရခြင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
Jan 02,2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ် စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး သင်တန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
Jan 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီလ(၁)ရက်မှ စတင်ပြီး ဘုတလင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။
Jan 02,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အစီအစဉ်တကျ ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်မှုများ ကို ယနေ့ နံနက်ပိုင်းက အ-ထ-က(ကွင်းကောက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။