နယ်ရုံးများ၏သတင်းများ

Feb 29,2020
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် (Women Club))၏ အမျိုးသမီးများ အတွက် ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Feb 29,2020
မန္တလေးခရိုင် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော လူငယ်ရေးရာမူဝါဒ မဟာဗျူဟာမိတ်ဆက် ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
Feb 29,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှု သင်တန်းအား ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
Feb 28,2020
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြုလုပ်သည့် ကသာမြို့နယ်အတွင်းရှိ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများအား ဟန်းဆက်ဗူးခွံများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ စေရေးအတွက် အခွန်ဆိုင်ရာအသိပေး ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Feb 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ ယနေ့ မွန်းလွဲ ၂ နာရီက ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင် ဦးဆောင်သော အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းတံဆိပ်ပါ ဆေးသေတ္တာအိတ်အား လာရောက်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဖြိုးလင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
Feb 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် ’’ပညာခေတ်ဖြင့် မြင့်မားသောစံချိန်’’ စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပရာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်မှုရှိကြောင်း၊ ထိုရောဂါပိုးသည် ကမ္ဘာ့နိုင်ငံတော်တော်များများကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၇.၂.၂၀၂၀)ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားနေသည့် နိုင်ငံပေါင်း (၃၈)နိုင်ငံရှိပြီး လူနာ၊ (၈၁၁၀၉)ဦးနဲ့ သေဆုံးသူ(၂၇၆၀)ဦးထိရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြည့်လူနာ(၄၀)ဦးနှင့် သံသယလူနာ(၂)ဦး ရှိကြောင်း ပြောကြားခဲ့သည်။
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စတင်၍ ဓနုဖြူမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။