နယ်ရုံးများ၏သတင်းများ

Mar 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 01,2020
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်လူမှုအသင်းအဖွဲ့တို့ပူးပေါင်း၍   အမျိုးသမီးများလူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်တွင်းလက်မှု အတတ်ပညာဖြင့် ဘဝရပ်တည်နိုင်စေရန် ရည်ရွယ်ချက်တို့ဖြင့်   အမျိုးသမီးသုံး ပလတ်စတစ် လက်ဆွဲအိတ်   သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက် ခန်းမ ၌ ဖွင့်လှစ် သင်ကြားပေးကြောင်းသိရသည်။
Mar 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လက်ပံဂွေကျးရွာအုပ်စု၊ စက်ဆန်းကျေးရွာတွင် ပညာစံအိမ်စာကြည့်တိုက် (၁၀) နှစ်ပြည့် အထိမ်းအမှတ်နှင့် အဆာက်အဦသစ် ပြန်လည်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Mar 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ငါးသန်ခေါင်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာရှိ ရွှေစံရာဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။
Feb 29,2020
ကိုရိုနာဗိုင်ရပ်စ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန် တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစား ခန်းမတွင် ကျင်းပသည်။
Feb 29,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြဝတီမြို့ရှိ လူငယ်ရေးရာအဖွဲ့ဝင်များမှ လူငယ်ရေးရာ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk)ကို သာယာဝတီ မြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကူး ကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၊ ချောင်းနားဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်း၊ ဆည်မြောင်းနှင့်ရေ အသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးအရာရှိ ဦးကြင်ထွန်း၊ ဒုလ၀ကမှူး ဦး၀င်းတင်၊ ကျေးလက်လမ်းဦးစီးဌာန SAE ဒေါ်တင်ဇာ၀င်း၊ လူထုဗဟိုပြုစီမံကိန်း (CDD)နည်းပညာအကြံပေး ဦးအောင်ကျော်ဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။