နယ်ရုံးများ၏သတင်းများ

Aug 29,2023
စာအုပ် စာပေဖတ်ရှု့ရာတွင် စာအုပ်ပါ အကြောင်းအရာများအား  အသင်းအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍  ဝါသနာတူစာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club)မှ ဦးဆောင်၍  စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် ကျန်းမာချမ်းသာအောင် ဘယ်လိုလုပ်မလဲ  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 
Aug 29,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ သြဂုတ်လ (၂၇) ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ဝန်ထမ်းများအား VIDEO EDITING ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာဇော်ဝင်းကြူ(ပျဉ်းမနား) ဘာသာပြန်ရေးသားထားသည့် “ဗုဒ္ဓဦးနှောက်” စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဩဂုတ် ၂၈ နေ့ နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၂၅) ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖာဝေါအုပ်စု၊ တောင်သုံးလုံးကျေးရွာနှင့် မိုင်းမန်းအုပ်စု၊ အေးချမ်းကျေးရွာတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Aug 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်သာဝန်ထမ်းအိမ်ရာ၊ ခရိုင်ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ယနေ့နံနက်(၁၀)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 28,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။