နယ်ရုံးများ၏သတင်းများ

Aug 26,2023
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (မြို့မ) ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရန်၊ သတင်းဓာတ်ပုံများ အယူအဆမှန်ကန်စွာရိုက်ကူးတတ်ရန်၊ ကင်မရာအသုံးပြုပုံနှင့်ပတ်သက်၍ နားလည်သိရှိစေရန် ရည်ရွယ်၍ သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့တွင်  ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Aug 26,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်နှင့် ရှောင်ကြဉ်နိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်၊မြို့နယ်မှ ဌာနဆိုင်ရာများ၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Aug 26,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အနိုင်းပွန်ကျေးရွာအုပ်စု အ.မ.က (အင်းဖျား) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် အ.မ.က (မာလိကာတောင်လေး) ကျောင်းများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Aug 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့မှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်‎‎ရေးရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်ပြပွဲ၊ စာအုပ်၊စာစောင်ပြပွဲများကို ယမန်နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Aug 26,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Aug 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ယနေ့မွန်းတည့်(၁၂)နာရီက ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။