နယ်ရုံးများ၏သတင်းများ

Aug 28,2023
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Aug 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က လားရှိုးမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။
Aug 28,2023
ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ(Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းရွာလှသို့ သွားရောက်ပြီး ကျောင်းကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Aug 27,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်နှင့် အားကစားကဏ္ဍကျပန် စကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသား/ သူ (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
Aug 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ) ၌ ကျင်းပသည်။
Aug 27,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ်(၂၄)ရက် ညနေ(၃)နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။