နယ်ရုံးများ၏သတင်းများ

Aug 25,2023
တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်း များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ညိမ်းညို၏ “ကျင့်ဝတ်လည်ဆွဲမြဲနိုင်ခဲစေ” ရသစာတမ်းဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Aug 25,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာ အားကစားခန်းမ၌ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
Aug 24,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ကို ယမန်နေ့(၂)နာရီအချိန်က အ.ထ.က ခွဲ (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Aug 24,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့ရုံးများရှိ ဝန်ထမ်းများအနေဖြင့် အသိပညာပေး Talk Show များ ရိုက်ကူးလွှင့်တင် ဆောင်ရွက်ရာတွင် စနစ်တကျရိုက်ကူး တည်းဖြတ်တတ်ရန်နှင့် သက်ဆိုင်ရာ Talk Show အကြောင်းအရာနှင့် စပ်လျဉ်းသည့် ဗီဒီယိုများအား ရှာဖွေပေါင်းစပ်ကာ အရည်အသွေးရှိသော အသိပညာပေးရုပ်သံ ဗီဒီယိုများအား တီထွင်ဖန်တီးမှုရှိစွာဖြင့် တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူးတည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ကျင်းပခဲ့သည်။
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Woman Club ဆန္ဒတူ ဝါသနာတူ အမျိုးသမီးများအဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်စာပေနှင့် ရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုသူဦးရေတိုးတက် လာစေရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊အတတ်ပညာများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိရေး စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။