နယ်ရုံးများ၏သတင်းများ

Mar 21,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2024
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Mar 21,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2024
နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူတတ်မြောက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ အခြေခံချည်ထိုးနည်း(အခမဲ့) သင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 21,2024
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 21,2024
ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက စာကြည့်တိုက်တွင် စာအုပ်စာစောင်များ လာရောက်ငှားရမ်းသည့် စာဖတ်သူ၊ စာငှားသူများ စုပေါင်း၍ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ လူစည်ကားသည့်နေရာများတွင် ဒေသခံပြည်သူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။