Skip to main content

ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ချောင်းဦး    ဇန်နဝါရီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ၊ ကွင်းအမှတ် (၁၉၆၁) တောင်သူ ဦးကျော်ငြိမ်း ပိုင်ဆိုင်သောလယ်တွင်  ယနေ့ နံနက် (၈) နာရီ အချိန်က မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက တစ်ဧကအထွက်နှုန်း မြင့်မားစေရေး၊ ကောက်ကွက်ပြည့်မီစေရေး၊ အောင်နှံပင်ပွားတိုးပွားရေးနှင့် တစ်နှံပါအောင်စေ့ တိုးပွားစေရေး စသည့် ရည်ရွယ်ချက်များဖြင့်  မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူဦးကျော်ငြိမ်း၏ လယ်ယာမြေတွင် စိုက်ပျိုးထားသော စပါးမျိုးသုံးဧကကို စံကွက်ရိတ်သိမ်းရာ တစ်ဧကပျမ်းမျှ အထွက် ဘူး (၁၅.၆၃)နှင့် တစ်ဧကကိုယ်စား ပြု အထွက်တင်း(၁၂၂)တင်း ထွက်ရှိကြောင်းသိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးလှ‌အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး‌ ‌ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အိအိအောင်(ချောင်းဦး)