Skip to main content

သတင်းသမားနှင့် လွတ်လပ်ခွင့်

သတင်းလွတ်လပ်ခွင့်ဟူသည်သတင်းသမား၊ မီဒီယာသမားတို့ အလို လအတောင့်တဆုံးသော အခွင့်အရေးဖြစ်သည်။ လွတ်လပ်စွာ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်စသည့် အခွင့်အရေး များက သတင်းလွတ်လပ်ခွင့်တွင် ပါဝင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်သည နိုင်ငံများ၊ အကန့်အသတ်ဖြင့် ခွင့်ပြုသည့်နိုင်ငံများ၊ လွတ်လပ်ခွင့် မြင့်မြင့်မားမား ပေးထားသည့် နိုင်ငံများစသည်ဖြင့် ရှိနေကြသည်။ မည်သို့ပင်ဆိုစေ သတင်းလွတ်လပ်ခွင့်နှင့် အစိုးရများ ဟူသည် ချဉ်သီးနှင့် ဆားပမာ။ ။

သို့ရာတွင်သတင်းသမားတို့အပေါ် အမြင်မကြည်လင်သူ၊ အမျက်သိုသူတို့တွင် အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ လွှတ်တော် အမတ်များ သာမဟုတ်။ မူးယစ်ရာဇာများ၊ ရာဇဝတ်ဂိုဏ်းများ၊ စစ်ပွဲဆင်နွှဲ နေကြသည့် ဘက်နှစ်ဖက်မှ လက်နက်ကိုင် အဖွဲ့အစည်းများ စသည်တို့အပြင် တစ်သီးပုဂ္ဂလများလည်း ပါဝင်နေနိုင်သည်။ ထို့အတွက်

ကြောင့်ပင် သတင်းသမားတို့အနေဖြင့် မိမိတို့၏ အသက်မွေးဝမ်း ကျောင်းဖြစ်သော သတင်းလိုက်ခြင်း၊ သတင်းရယူခြင်း၊ သတင်း ရေးခြင်း၊ သတင်းတည်းဖြတ်ခြင်း၊ ထုတ်ဝေ ထုတ်လွှင့်ခြင်းတို့ ပြုလုပ်ခြင်းကို အကြောင်းပြု၍ တရားစွဲခံရ၊ အကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ သတ်ဖြတ်ခံရခြင်းတို့ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကြုံတွေ့ကြရသည်။

ကမ္ဘာ့နံပါတ်တစ် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန် ပြည်ထောင်စုမှာပင် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် သတင်းဌာနများ၊ သတင်းစာများနှင့် အပြန်အလှန်၊ အချီအချ ဖြစ်ခဲ့သည့် လူမှုကွန်ရက်များပေါ်မှ ဖြစ်ရပ်များမှာ သတင်းလောက တွင် ပြောစမှတ် တွင်စရာ ဖြစ်ခဲ့သည်။ ထရမ့်က သမ္မတဘဝအစမှာပင် စီအင်န်အင်န်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး စီအင်န်အင်န်သည် သတင်း မှားများ ထုတ်လွှင့်နေကြောင်းတွစ်တာတွင်ရေးသားခဲ့သည်။ ၎င်းနှင့် ပတ်သက်သည့် သတင်းများလွဲမှားမှုတိုင်းကို ကြက်ခေါင်းဆိတ်မခံ တုံ့ပြန်ခဲ့ပြီး နယူးယောက် တိုင်းမ်၊ အင်န်ဘီစီ၊ အေဘီစီ၊ စီဘီအက်စ်၊ ( စီအင်န်အင်န် စသည့် သတင်းစာနှင့် သတင်းဌာန များသည် အမေရိကန်ပြည်သူများ၏ ရန်သူများဖြစ်သည်ဟူ၍ပင် ဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ထိပ်တန်းတိုင်းပြည်ဖြစ်သည့် အမေရိကန် ၌ပင် သတင်းစာကို မကျေနပ်၍ သတင်းခန်းအတွင်းဝင်ကာ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သတင်းထောက်နှင့် သတင်းစာ ဝန်ထမ်း စုစုပေါင်း ငါးဦးတို့ သေဆုံးခဲ့ရမှု ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည်။ မေရီလန်းပြည်နယ်ရှိ ကက်ပီတယ်ဂေဇက်သတင်း စာတိုက်အတွင်း ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့သူမှာ ၎င်းအပေါ် ပုဂ္ဂိုလ်ရေး အရေးအသားနှင့် ပတ်သက်ပြီး သတင်းစာတိုက်နှင့် နှစ်ရှည်လများ တရားယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ရန်ဖြစ်ခဲ့သူဖြစ်ရာ သတင်းလွတ်လပ်ခွင့်က သာမန်ပြည်သူတစ်ဦးကို ထိပါးခဲ့ခြင်းမှ အစပြုခဲ့ ခြင်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် အရပ်သားအစိုးရစစ်စစ်ဟူ၍ ဆိုကြသည့်ပြီးခဲ့သည့်အစိုးရလက်ထက်တွင် သတင်းလွတ်လပ်ခွင့် အခြေအနေသည် ပိုမိုဆိုးရွားခဲ့ကြောင်း သတင်းလောကသားတို့က မှတ်ချက်ပြုခဲ့ကြပြီး အစိုးရဘက်ကလည်း မိမိတို့နိုင်ငံ၏ အကဲဆတ်

သောအခြေအနေနှင့် သတင်းသမားတို့အနေဖြင့် တစ်ဖက်စောင်းနင်း အတွေးအခေါ်နှင့် တရားသေအစွဲအလမ်းများကို လျှော့ရန်တိုက်တွန်း ခဲ့သည်ကို တွေ့ရသည်။

လက်ရှိမြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလတစ်ရပ်ကို ဖြတ်သန်း နေရသည့် အခြေအနေဖြစ် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးတည်ချက် (၉) ရပ်၊ | ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်၍ အကောင်အထည်ဖော်နေသည့်

အချိန်ဖြစ်သည်။ စစ်မှန်သောသတင်းသမားများက ကျင့်ဝတ်နှင့်အညီ မိမိတို့၏ အသက်မွေးဝမ်းကျောင်း သတင်းလုပ်ငန်း တာဝန်များကို သွထမ်းဆောင်ကြသလို သတင်းများမှ ရိုက်ခတ်ပေါ်ထွက်လာမည့် ရလဒ်များသည် နိုင်ငံပျက်စီးရာပျက်စီးကြောင်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်စေကြောင်း လူအများကြား အမုန်းပွားစေကြောင်း၊ တရားဥပဒေ စိုးမိုးမှုပျက်ပြား စေကြောင်း အပါအဝင် ဆိုးကျိုးများထွက်ပေါ်မလာရအောင် ဆင်ခြင်တုံတရား လက်ကိုင်ထားကြပါရန် တိုက်တွန်းကာ မေလ ၃ ရက် သတင်းလွတ်လပ်ခွင့်နေ့ကို ကြိုဆိုအပ်ပါ ကြောင်း။ ။