ရန်ကုန် မေ ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပသည်။
ဖွင့်ပွဲသို့ ပြည်ထောင်စုစန်ကြီး ဦးစောထွန်း အောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ အထူးဖိတ်ကြားထားသူများ၊ ရန်ကုန် တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက် ကြသည်။
ယနေ့မှစ၍ ဖွင့်လှစ်
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် သမိုင်းအစဉ်အဆက် မှီတင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုလေ့ထုံးစံများ တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာ နိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုကိန်းအောင်း ခိုင်မာလာစေပြီး တိုင်ရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် စတင် တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် (၁၉) နှစ်
ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါများကြောင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ၂၀၂၀ပြည့်နှစ် မတ်၂၄ရက် မှစ၍ အများပြည်သူများ၏ ကျန်းမာရေးအလို့ငှာ ခေတ္တပိတ်ထားခဲ့သည်မှာ (၁)နှစ်ကျော် ကြာမြင့် ခဲ့ပြီဖြစ်ပြီး ယခုအခါ အများပြည်သူများ လေ့လာ အပန်းဖြေနိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီယနေ့မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုတိုင်ရင်းသားကျေးရွာ (ရန်ကုန်) ပြန်လည်ဖွင့်လှစ်မည်ဆိုပါက တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များကို နှစ်စဉ်ကျင်းပခဲ့သည့်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွင် ဖျော်ဖြေရေးပွဲများ၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အဖွဲ့တို့နှင့်ပူးပေါင်၍ ပြည်ထောင်စခန်းမ တွင် ဖျော်ဖြေရေးပွဲများ တင်ဆက်သွားမည်ဖြစ်ပါ
ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် အများပြည်သူများ လေ့လာ အပန်းဖြေနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်ချက် များနှင့်အညီ အများပြည်သူတိုင်ရင်းသားညီအစ်ကို မောင်နှမများအားလုံး စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနယူနိုင်တော့မည့် နေရာဖြစ်သည့် အတွက် များစွာဝမ်းသာပျော်ရွှင် ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ထာဝရငြိမ်းချမ်းရေရရှိနိုင်ရေး ရည်ရွယ် ယင်းနောက် ဒုတိယဝန်ကြီးဦးအေးမောင်က ယခုပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ အဓိက ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားများ၏ စာပေ၊ ရိုးရာ ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများက တစ်နေရာတည်းတွင် လေ့လာသိရှိနိုင်ရန်နှင့် တိုင်ရင်းသားသီးသီးတို့၏ရိုးရာဓလေ့ထုံးစံများကို လေ့လာသိရှိခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လေးစားမှု၊ ယုံကြည်မှုချစ်ကြည်ရင်းနှီးမှုများ ဖြစ်ပေါ်ကာ ထာငြိမ်းချမ်းရေးရရှိ နိုင်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးဌေးအောင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန် တာဝန်ခံဦးမျိုးဝင်းကပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြန်လည်ဖွင့်လှစ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ | ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး
ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များ သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ နန်းမြင့်မျှော်စင်၊ တိုင်းရင်းသားရိုးရာနေအိမ်များ၊ ဆိပ်ခံဗောတံတား တည်ဆောက်မည့်နေရာနှင့် လမုတောတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့နေခက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်း
သကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ မြန်မာနိုင်ငံတွင် တိုင်ရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး | ခန့် စုစည်းနေထိုင်ကြပြီး ပြည်ထောင်စုအတွင်း
နေထိုင်ကြသည့် မိမိတို့တိုင်းရင်းသားများအားလုံး သည် စည်းစည်းလုံးလုံရှိရန်လိုပါကြောင်း၊ ထိုသို့ စည်းလုံးမှုမရှိလျှင် တည်ငြိမ်မှုပျက်ပြကာ ငြိမ်းချမ်း မှုလည်းရှိမည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် စည်းစည်းလုံးလုံးနေခြင်းသည် အဓိကအချက်
ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများနှင့် ဝန်ထမ်းများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူဆောင်ရွက်ရန်လိုပါကြောင်း၊ သုတေသနစစ်တမ်း များကို လူမျိုးစုပေါင်း ၅၀၀ ကျော်ခန့်သည်နှစ်စဉ် | လူမျိုးစု ၂၅ မျိုး ကျော်ခန့် ပျောက်ကွယ်လျက်ရှိပါ
ကြောင်း နောင် နှစ်ပေါင်း ၂၀ ကျော်လျှင် လူမျိုးစု အားလုံး ပျောက်ကွယ်သွားနိုင်ကြောင်း ထို ပျောက်ကွယ်သွားနိုင်မည့်အထဲတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများ ပါမသွားရန်မှာ မိမိတို့ တိုင်ရင်းသားများကိုယ်တိုင်သာ ထိန်းသိမ်းကာကွယ် ရန်အဓိကကျပါကြောင်း၊ လူမျိုးမပပျောက်အောင် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် တိုင်းရင်းသာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးကာ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထောက်ပံ့ငွေများ ပေးအပ် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ကမာရွတ်မြို့နယ်၊ ဥယျာဉ်
လမ်းရှိ တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန | ရန်ကုန်တိုင်းကြီး ညွှန်ကြားရေးမှူးရုံတွင်
ရခိုင်တိုင်းရင်းသာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (၉) ဖွဲ့နှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က အမှာစကားပြောကြားကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကရင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး အမှာစကားပြောကြားသည်။ ။
ထို့နောက် တိုင်းသကြီး/ ပြည်နယ်အလိုက် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက အထွေထွေ ဆွေးနွေးဆောင်ပြုကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် တို့က ပြန်လည်ဆွေးနွေး၍ လိုအပ်သည်များ ညှိနှိုင်း
ပေါင်းစပ်ဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီး သည် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်