Skip to main content

အင်္ဂပူ ဇန်နဝါရီ ၃ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း (ကွင်းကောက်)ရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွ

နေပြည်တော် ဇန်နဝါရီ ၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည့်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များကိုယ်စား သံတမန်များအဖွဲ့နာယက တီမောလက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာ က တည်ခင်းဧည့်ခံသည့် နှစ်သစ်ကူးအခါသမယနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယကို ကြိုဆိုသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

နေ့လယ်စာ မသုံးဆောင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သံတမန်များအဖွဲ့နာယက တီမောလက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာ တို့က နှုတ်ခွန်းဆက် ဆုမွန်စကား ပြောကြားကြသည်။

နေ့လယ်စာစားပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ  တက်ရောက်ကြသည်။

 (သတင်းစဉ်)