Skip to main content

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၄

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒိ္ဓရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းနှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းတို့၌ ကျင်းပသည်။

ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အားပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိသူများအား  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)