Skip to main content

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦ:ဆလိုင်းလျန်လွယ် ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကြည့်ရှု စစ်ဆေး

ဖလမ်း  ဇန်နဝါရီ  ၄

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်းဟင်းဒါလ်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းတည့် ၁၂နာရီက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့ မြို့နယ်ခန်းမ အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာများနှင့် ဖလမ်းမြို့နယ်သစ်တောဦးစီးမှူးရုံး အဆောက်အအုံသစ်ဆောက်လုပ်မည့် မြေနေရာများကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မြို့နယ်ခန်းမ၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စည်ပင်သာယာ​ရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ဖလမ်းမြို့ လုံပီးမြို့ပြ စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီမှ တာဝန်ရှိသူများက လုံပီးမြို့ပြ စီမံကိန်းလမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ဘဏ္ဍာငွေရရှိ၊ သုံးစွဲမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ရှင်းလင်း ဆွေးနွေးကြ ကြောင်းသိရသည်။

တလွန်းအာ(ပြန်/ဆက်)