Skip to main content

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လက်တွေ့မြှင့်တင်

“မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ်” ဆိုတဲ့စကား အတိုင်း အမိနိုင်ငံအတွက် အဓိကလိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များသည် ရပ်တန့်နေ၍ မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာအဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်း နေမည်ဖြစ်ပါသည်” ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က NCA ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ ပြောကြားခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၄ ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မတိုင်မီ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ခိုင်မာ စေရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီး ချုပ်က သဝဏ်လွှာဖြင့် အသိပေးခဲ့ရာ များစွာဝမ်းမြောက်မိပါသည်။ ယနေ့ကာလ တွင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေးနှင့် ပြည်ထောင်စုကြီး ထာဝရ ငြိမ်းချမ်းရေးတို့ အထူးလိုအပ်နေသောအချိန်အခါဖြစ်ပါသည်။ ဤကဲ့သို့ အချိန်အခါ သင့်နေသောအခါ၌ တိုင်းပြည်အတွက် ထူးခြားလေးနက်ပြီး အရေးကြီးသည့်သမိုင်း ဖြစ်စဉ်ဖြစ်ရပ်၊ နေ့ကြီးရက်ကြီးနှစ်ခု၏စိန်ရတုနှင့်လည်း တိုက်ဆိုင်နေရာ၌ နိုင်ငံ အတွက် အထူးလိုအပ်နေသော အချက်ကြီး နှစ်ချက်ကို မြှင့်တင်ဖော်ဆောင်ခြင်းသည် အလွန်ပင်လျော် ကန်သင့်မြတ်လှပေသည်။


ယခုအချိန်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြောင်းအမျိုးမျိုး ကြောင့် ပြုလုပ် နိုင်ခြင်းမရှိသေး၍ အလှမ်းဝေးနေသည့် သဘောဖြစ် နေပါသည်။ ထို့ကြောင့် “မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာ တယ်” ဆိုသကဲ့သို့ ငြိမ်းချမ်းရေး သွေးအေး သည့်သဘော ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် “မီးဝေး ချိပ်မာ”မဖြစ်စေရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ခိုင်မာရေးနှင့် ငြိမ်းချမ်းရေး စိတ်ဓာတ်များကို နှိုးဆွပေးနိုင်ရန် အမှန်တကယ် လိုအပ်လျက်ရှိပါသည်။ သို့ပါ၍ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေး အတွက် လုပ်ဆောင်ရ မည့်လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင် သည့်ဖော်ဆောင် ရေး အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်တွေ့ လုပ်ငန်းရပ် များဆောင်ရွက် ခြင်းဆိုသည့် အဆင့် (၃) ဆင့်အား နိုင်ငံတော်အစိုးရက အဆင့်လိုက်ဆောင်ရွက် သွားမည့်လုပ်ဆောင်မှုများကို လှိုက်လှိုက် လှဲလှဲကြို ဆိုပါသည်။ ။


အဆိုပါ အဆင့် (၃) ဆင့်ကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူလူထုနှင့် ပါဝင်ပတ်သက် ရမည့် အစုအဖွဲ့များအားလုံးထံမှ အကြံပြုချက် များရယူခြင်း၊ “အသိပေးခြင်းနှင့် ပညာပေးခြင်း များကို ဆောင်ရွက်သွားမည်ဟု သိရသည်။ လက်ရှိတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ်တန့်ပေးထားမည့် ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။ ယခု အခါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုသည့်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ငန်းများ ကို ပိုမိုတိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ် -အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုများကို ငါးလကြာ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးထားသည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေးအပေါ် လွဲမှားနေသော အယူအဆများနှင့်ပတ်သက်၍ စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ -ကျကျသုံးသပ်ရန်လိုပါသည်။ “အတိတ်ကိုမသိလျှင် ထပ်အမှားတွေ ကျူးလွန် နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန် လွန်းလျှင် လည်း အနာဂတ်လမ်းပျောက် နိုင်သည်” ဆိုသည့် စကားရပ်ကို သတိချပ်ရမည်ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှု၊ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းမှု၊ တိုင်းရင်းသားနယ်မြေများ၌ ဖွံ့ဖြိုးမှုသက်သေသာကများရှိခဲ့ပါကြောင်း။ ။


ကြေးမုံအယ်ဒီတာ့အာဘော်