ကရင်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝရှုခင်းများနှင့် ရေခံမြေခံကောင်းမွန်သော ဒေသတစ်ခုဖြစ် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျာ။
ယနေ့ကျရောက်သည့် (၆၆) နှစ်မြောက်၊ ကရင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ် အတွင်း တိုင်းရင်း သား ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး သာယာလှပသည့် ရေမြေတောတောင် သဘာဝအလှ များ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါသည်။
၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေ အမှတ် (၆၂) အရ သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် လည်းကောင်း၊ ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့ သတ်မှတ်ရေး အက်ဥပဒေအမှတ် (၁၄)အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ် (၅) မြို့နယ်ကို ကရင် ပြည်နယ်အဖြစ် ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခြင်းဖြင့် လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် မြဝတီမြို့ကို မြို့နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်ကို မြို့နယ်ပေါင်း (၇)မြို့နယ်ဖြင့်လည်းကောင်း အဆင့်ဆင့်ပြင် ဆင်ဖွဲ့စည်းခဲ့ပါသည်။ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်သော ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက် အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသည့် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် စတင်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၆၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ကရင်ပြည်နယ်အတွင်း ပြည်နယ်၏ အထင်ကရသင်္ကေတ တစ်ခုဖြစ်သည့် သံလွင်မြစ်ကြီး၏ တသွင်သွင်စီး ဆင်းနေမှုနှင့်အတူ တောတောင်ရေမြေသဘာဝရှုခင်းများနှင့် စိမ်းလန်းစိုပြည်ပြီး ရေခံ မြေခံကောင်းမွန်သော ဒေသတစ်ခုဖြစ်ပါသည်။
သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး အဖိုးတန် သစ်တောများလည်း ရှိနေသည့်အပြင် ရာသီဥတု သမမျှတမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့် သာယာလှပ သော ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
ကရင်ပြည်နယ်သည် သဘာဝအလှတရားများဖြစ်သည့် သာယာ လှပသောတောတောင်များ၊ လိုဏ်ဂူများ၊ ရေတံခွန်စိမ့်စမ်းများ၊ ရိုးသား ဖြူစင်သည့် ဒေသခံတိုင်းရင်းသားတို့၏ ချစ်ခင်နှစ်သက်ဖွယ် ဓလေ့ ထုံးတမ်း အစဉ်အလာများ မြတ်နိုးဖွယ်ရာ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသတစ်ခုဖြစ် သည်နှင့်အညီ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် အခင်းအကျင်း နှင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကရင်တိုင်းရင်းသား တို့၏ ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးယိမ်းအကနှင့် ဖားစည်သံတို့သည် ပြည်တွင်း၌သာမက ပြည်ပကပါ နှစ်သက်မြတ်နိုးသော ရိုးရာ ဓလေ့ထုံးစံတစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးကုန်သွယ်မှုနေရာဖြစ်သည့် မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့ကြောင့်လည်း ဒေသခံတိုင်းရင်းသားပြည်သူများ အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်မှုများ တစ်နေ့တခြား တိုးပွားဖြစ်ထွန်းလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့နေရပါသည်။
ကရင်ပြည်နယ်ရှိ အချို့မြို့နယ်များသည် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများပေါ်တွင် မှီခိုနေသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြည့်ဝစွာ မဆောင်ရွက်နိုင်သော်လည်း ပြည်နယ်တစ်ခုလုံး၏ ထွက်ရှိ မှုအရ စားနပ်ရိက္ခာဖူလုံမှုရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအရင်းအမြစ်ပေါများသော ကရင်ပြည်နယ်အတွက် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စက်ရုံတည် ဆောက်နိုင်ပါက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် လျှပ်စစ် ဓာတ်အားအသုံး ပြုဆောင်ရွက်ရသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်လည်ပတ် ဆောင်ရွက်နိုင်မည့်အပြင် ဒေသခံပြည်သူများ၏ လူနေမှုအဆင့် အတန်းလည်း မြင့်မားလာမည် ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျာ
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရှေ့နှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့သည် အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေ၊ သဘင်၊ ဂီတ အနုပညာများသည် နှစ်ပေါင်းထောင်ချီ ဖြစ်တည်ခဲ့ကြပါသည်။ ထိုသို့ တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့ကြသော်ငြား ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှု များကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းကာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ် ခဲ့ကြပါသည်။
ယနေ့အချိန်တွင် လွတ်လပ်ရေးရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို အပြီးတိုင်မဖြေရှင်း နိုင်သေးခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်မှုနှောင့်နှေးနေရသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင် နိုင်ခြင်းမရှိသေးသမျှ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးတရားများကို ပြည်ထောင်စုသားအချင်းချင်း မျှဝေခံစားနိုင်မည့် အခွင့်အလမ်းများ နည်းပါးနေဆဲဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန် ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များသည် ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံးဆန္ဒများပင်ဖြစ် ပါသဖြင့် ငြိမ်းချမ်း သာယာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ် များအတွက်အ ကောင်းအဖြစ် ချန်ထားပေးကြရမည်ဖြစ်ပါသည်။ သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံအတွက် ထာဝရ ငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါဝင်ပြီး အမှန် တကယ်တည်ဆောက်ပေးနိုင်ပါက မိမိတို့အားလုံး မျှော်မှန်းသည့် လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကြီးတစ်ခု အမြန်ဆုံးပေါ်ပေါက်လာမည် ဟု ယုံကြည်မိပါသည်။
နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်စေမည့် ကဏ္ဍအားလုံးကို ကရင်ပြည်နယ်အပါအဝင် ဒေသအသီးသီးတွင် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိပါ သည်။
သို့သော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလား သော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့ အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီး မှုများ၏ အန္တရာယ်ကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်း သားပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အလေး ထား တိုက်တွန်းအပ်ပါသည်။
ရှေ့ဆက်လက်ရင်ဆိုင်ရမည့် နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက် လာမည့် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ သည့် မျိုးချစ် စိတ်ဓာတ်ဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည် ဟု အပြည့်အဝယုံကြည်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျာ
လွတ်လပ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် တိုင်းရင်းသား များ၏ သွေးစည်း ညီညွတ်မှုမော်ကွန်းကို ဖော်ညွှန်းသက်သေထူခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့သည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် အထွတ် အမြတ်ပြု ဆောင်ရွက်ခဲ့သည်မှာ မကြာမတင်သောကာလတွင် (၇၅) နှစ်ပြည့် စိန်ရတုသဘင်ကို ကျင်းပနိုင်တော့မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလား တောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ် သည့် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အချိန် အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကရင်ပြည်နယ်နေ့အခါ သမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး ကလည်း ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေး အတွက် ကြိုးပမ်းစွမ်း ဆောင်နိုင်သူများ ဖြစ်ကြပါစေ၊ ပြည်နယ်အကျိုး၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ ၏အကျိုး သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေး ပို့အပ်ပါသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်ဝန်ကြီးချုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ