Skip to main content

မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်း ဆောင်ရွက်မှုများကို အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်း ထောက် အဖွဲ့ချုပ်မှလေ့လာ

ရန်ကုန်  မတ် ၁

မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေး ပါဝင်ကူညီ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ First Voice Chairman Mr. Hiroshi Shimada နှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ မြန်မာနိုင်ငံ ကင်းထောက်ကြီး များနှင့် ဖေဖော်ဝါရီ ၂၇ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Brainworks Total International School ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက် ဂျမ်ဗူရီ စခန်းချပွဲသို့ တက်ရောက်ခဲ့သည့် Brainwork Total International School မှ ကင်းထောက် လူငယ် မရှင်းသန့်လှိုင်က စခန်းချတွေ့ဆုံပွဲ အစီရင်ခံစာကို အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများထံပေးအပ်ပြီး ကင်းထောက် လူငယ်များ နှင့် ကင်းထောက်ငယ်များက သင်တန်း အတွေ့အကြုံများ ဆွေးနွေးခဲ့ကြသည်။

အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၈ တွင် နေပြည်တော် CAE ကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်လေ့လာကြရာ  ကင်းထောက် လူငယ်များ၊ ကင်းထောက်ငယ်များက ကင်းထောက် အခြေခံနည်းပညာများ၊ လုပ်ငန်းများကို သရုပ်ဖော်သည့် “ကင်းထောက်ဂုဏ်ရည်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြကြောင်း မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။ 

(သတင်းစဉ်)