Skip to main content

ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် လှိုင်းဘွဲမြို့နယ်တွင်ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

လှိုင်းဘွဲ မတ် ၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်သငဲ့ကျေးရွာတွင် (၃၄)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးခွန်သိန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးခွန်အောင်ခမ်းတီတို့ထံမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းတိုင်းရင်းသူ/သားများက ဖတ်ကြားခဲ့သည်။

ထိုနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံစာတမ်းကို တိုင်းရင်းသူ/သားများက ပအိုဝ်းဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)