နေပြည်တော် မတ် ၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက် ရှိ မူလတန်းကြိုကျောင်းများမှ ဆရာမ များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို မတ် ၇ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပ သည်။
နိုင်ငံတော်က တိုးမြှင့်ထောက်ပံ့ပေး
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မိမိတို့ဝန်ကြီးဌာန သည် တိုင်းပြည်အနာဂတ်ဖြစ်သည့် ကလေးသူငယ်များကို ပြုစုစောင့် ရှောက်ပေးနေသော ဌာနတစ်ခုဖြစ် သည့်အညီ ကလေးငယ်များအတွက် ဉာဏ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ် ရရှိအောင် ဆောင်ရွက်သွားရန် အရေး ကြီးပါကြောင်း၊ အစိုးရသစ်လက်ထက် တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွား လာသောကလေး (၂)နှစ်သားအထိ ငွေကြေးထောက်ပံ့ပေးသည့်(MCCT) အစီအစဉ်များကို ဆောင်ရွက်နေပါ ကြောင်း၊ အဆိုပါ ငွေကြေးထောက်ပံ့ ပေးသည့် အစီအစဉ်သည် အာဟာရ ပြည့်ဝစွာရရှိရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိသားစုစီမံကိန်းများ အတွက် အထောက်အကူပြုမည်ဖြစ် ကြောင်း၊ မူလတန်းကြိုကျောင်းများ တွင် အာဟာရကျွေးမွေးမှုအတွက် နိုင်ငံတော်က တိုးမြှင့်ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ ဖြည့်စွက်စာ/ အာဟာရများ ကျွေးမွေးမှုကို ကျွမ်းကျင်သူများနှင့် ဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မူကြိုကျောင်းများ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုနှင့် ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆည်းပူးနေ ရန် လိုအပ်ပြီး လက်ရှိသင်ရိုးညွှန်း တမ်းများနှင့် ရပ်တန့်မနေဘဲ ခေတ်နှင့် အညီ ပြုပြင်ရေး သုတေသနပြု ကြိုးစားရန် လိုအပ်ကြောင်း၊ မူလတန်း ကြိုကျောင်းများနှင့် ပတ်သက်၍ ပြည်သူများက စိတ်ဝင်တစားရှိကြ သည့်အတွက် စနစ်တကျ စီမံခန့်ခွဲစေ လိုပါကြောင်း၊ မူလတန်းကြိုကျောင်း များတွင် ဆရာမများ လုံလောက်မှုမရှိ သည့်အတွက် လတ်တလောဖြေရှင်း ခြင်းအဖြစ် နေ့စားလပေး/လုပ်အား ပေးအဖြစ် ခန့်အပ်နိုင်ရေးကို လုပ်ထုံး နှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ခေတ်နှင့်အညီပြင်ဆင်သတ်မှတ်
မူလတန်းကြိုကျောင်းမှ ဆရာမ များအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို သိရှိ လိုက်နာနိုင်စေရေး လေ့လာရမည်ဖြစ် ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက် များကိုလည်း ခေတ်နှင့်အညီ လျော်ညီ အောင် ပြင်ဆင်သတ်မှတ်လျက်ရှိပါ ကြောင်း၊ မူလတန်းကြိုကျောင်းများ တွင် ကြုံတွေ့နေရသည့် အခက်အခဲ များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းရုံးများနှင့် ရုံးချုပ်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ မိဘများက ဆရာမများထံသို့ ကလေး သူငယ်များကို တစ်နေကုန် အပ်နှံထား ရသည့်အတွက် ဆရာမများအနေဖြင့် သေသေချာချာ ပြုစုစောင့်ရှောက်ပေး ကြရန် လိုအပ်ကြောင်း။
ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပေး
ကလေးငယ်များကို သင်ကြားရာ တွင် ကောင်းမွန်သော အတုယူနိုင်စေ ရေးအတွက် သင်ကြားပြသပေးရမည် ဖြစ်သကဲ့သို့ အချင်းချင်း ချစ်ခင်လေး စားမှုရှိစေရေးနှင့် ယဉ်ကျေးသည့် စကားအသုံးအနှုန်းများဖြင့် ပြောဆို ဆက်ဆံတတ်စေရေး သင်ကြားပေး ရန် လိုအပ်ကြောင်း၊ ဆရာမများသည် ကလေးများ၏ စံနမူနာပြဖြစ်သည်နှင့် အညီ မိမိတို့၏ ဝတ်စားဆင်ယင်မှု၊ ပြောဆိုမှုအပြုအမူများကို ကလေး များ အတုယူမမှားစေရေး ဂုဏ်သိက္ခာ နှင့်အညီ နေထိုင်ရန် အရေးကြီး ကြောင်း၊ မူလတန်းကြိုကျောင်းများ တွင် အလွဲသုံးမှုမခံရအောင် ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပေးရန် အရေးကြီး ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်အလက်များကို ရှင်းလင်း ပြောကြားပြီး မူလတန်းကြိုကျောင်း များမှ ဆရာမများက လုပ်ငန်း ဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်