၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်နေ့က နေပြည်တော် Grand Amara Hotel တွင် ကျင်းပပြုလုပ်ခဲ့သော "၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော လုပ်ကြံ သတင်းများ၊ အမုန်း စကား များအား တိုက်ဖျက် ခြင်းတို့နှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့သည်။ ဘာကြောင့် ဤကဲ့သို့သော အလုပ်ရုံဆွေးနွေးပွဲမျိုး ကျင်းပပြုလုပ်ရပါ သနည်း။ အနှစ်ချုပ် မျှဝေပါရစေ။
အမျိုးသမီးဦးရေ
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းမှာ ၅၁ သန်းကျော်ဖြစ်ပြီး အမျိုးသား ဦးရေ၂၄ သန်းကျော်နှင့် အမျိုးသမီးဦးရေ၂၆ သန်းကျော် ရှိသည်။ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်း ပိုများနေသည်။ မြန်မာ နိုင်ငံ၏ လူဦးရေ ကျား/မ အချိုးသည် မ ၁၀၀ မှာ ကျား ၉၃ ဦးရှိ သည်ကို တွေ့ရသည်။ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက်ပိုများနေ သော်လည်း ကျင်းပပြီးစီး ခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးဝင်ရောက် ယှဉ်ပြိုင် အရွေးခံခြင်းနှင့်စပ်လျဉ်းပြီး ဤသို့ တွေ့ရှိရ သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆၉ ဦးအနက် အမျိုးသမီးဦးရေ ၁၂၇ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးပါဝင်မှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦးရှိခဲ့ရာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ပါဝင်ခဲ့ပြီး အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံရှိအမျိုးသမီးများသည် နိုင်ငံရေးတွင် အမျိုးသားများနှင့် တန်းတူညီမျှ ပါဝင်မှုပမာဏ နည်းနေသေးကြောင်း တွေ့ရှိရသည်။
လွှတ်တော်များတွင်ကိုယ်စားပြုမှု
မြန်မာနိုင်ငံ၏လွှတ်တော်များအတွင်း ကိုယ်စားပြုမှု မှာ ကျားမရေးရာ တန်းတူညီမျှမှုက ကြီးကြီး မားမားကွာဟနေဆဲ ဖြစ်သည်။ လွှတ်တော်များအတွင်း ၁၃ ရာခိုင်နှုန်းသာ အမျိုးသမီးပါဝင်နေပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များပါဝင်မှု အချိုးအားဖြင့် နိုင်ငံပေါင်း ၁၉၁ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၅၉ သာရှိနေကြောင်း လေ့လာတွေ့ရှိရသည်။
အဘယ်ကြောင့်အမျိုးသမီးများပါဝင်မှု နည်းပါးနေသနည်း
မြန်မာနိုင်ငံတွင် အမျိုးသမီးများ နိုင်ငံရေးဖြစ်စဉ်များ တွင် ပါဝင်မှုနည်းပါးရခြင်းသည် ယဉ်ကျေးမှုစံနှုန်းများ ကြောင့်ဟု ယူဆကြသည်များရှိသည်။ အမျိုးသမီးများ အနေဖြင့် အမျိုးသားတို့၏ခေါင်းဆောင်မှုကို ကျယ်ကျယ် ပြန့်ပြန့်ဦးစားပေးခြင်း၊ အမျိုး သမီးများကို အိမ်မှုကိစ္စများ တွင် ဖြည့်ဆည်း ပံ့ပိုးပေးရမည့် တာဝန်များ သတ်မှတ် ထားခြင်းစသည့် ယဉ်ကျေးမှုစံနှုန်းများကြောင့် အမျိုးသားနှင့် အမျိုးသမီးများ၏ နိုင်ငံရေး တွင်ပါဝင်မှု အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သုံးသပ်သည်များလည်းရှိသည်။ နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင်လည်း ပုံမှန်အားဖြင့် အမျိုးသားများကိုသာ ဦးစားပေး လေ့ရှိကြသည်။ ဤသည်မှာလည်း အကြောင်း တစ်ချက်ဖြစ်သည်။
နောက်တစ်ကြောင်းမှာ ရွေးကောက်ပွဲများတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်း၊ အမုန်းစကားများပြော ဆိုခြင်းများသည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲများ၏ အခြေခံစံချိန်စံ ညွှန်းကို ပျက်ယွင်း စေရာရောက်သည်။
အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု လျော့နည်းစေသည့် အကြောင်းအရင်းဖြစ်သည်ဟု ဆိုနိုင်သည်။ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးနယ်ပယ် တွင် ပိုမိုပါဝင်လာစေရေးနှင့် တန်းတူညီမျှရှိစေရေးသည် ဒီမိုက ရေစီ စံချိန်စံညွှန်းနှင့်ညီသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် အထက်ဖော်ပြပါ အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပ ခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊
အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးကဏ္ဍဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ အ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အမျိုးသမီးကဏ္ဍတာဝန်ရှိသူ ကော်မရှင် အဖွဲ့ခဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ တက်ရောက် ကြသည်။ ဆွေးနွေးပွဲတွင် အစုအဖွဲ့ ဆက်ဖွဲ့ ဖွဲ့စည်းသည်။ တစ်ဖွဲ့လျှင် ကိုးဦးကျစီပါဝင်သည်။
ဆွေးနွေးသည့် အဓိကအချက်များ
လွှတ်တော်ရွေးကောက်ပွဲများတွင် အမျိုးသမီးအခန်း ကဏ္ဍပါဝင်မှု မြင့်မားလာစေလိုသည်။ သို့ရာတွင် အမျိုးသမီးအခန်းကဏ္ဍပါဝင်မှု မြင့်မားလာအောင် မည်သို့ ဆောင်ရွက်ကြရမည်ကို အဓိကဦးတည်ဘဲ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမုန်းစကားများ ပြောဆို၍ တိုက်ခိုက်လဒသည်များကို မည်သို့ တားဆီးသွားမည်နည်။ မည်သို့သော စည်းရုံးလှုံ့ဆော်မှု များကို ပြုလုပ်ဆောင်ရွက်သွားကြမည်နည်း။ ထိုသို့ တားဆီးပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအပြီး မည်သို့သော အကျိုးရ လဒ်များ ဖြစ်ထွန်းလာမည်နည်း။ အမျိုးသမီးကဏ္ဍမြင့်မားလာမှု ပုံရိပ် မည်သို့ရှိလာမည်နည်း။ ဤအချက်ကို တစ်ဖွဲ့ စီအလိုက် ဆွေးနွေးသွားကြရန်ဖြစ်သည်။
ဆွေးနွေးပွဲမှထွက်ပေါ်လာသည့်အချက်များ
အစုအဖွဲ့ ခြောက်ဖွဲ့သည် မိမိတို့နှစ်သက်သည့် ခေါင်းစဉ် များပေးကြသည်။ မိမိဆောင်ရွက်မည့် လှုံ့ဆော် မှုအစီ အစဉ်အနှစ်ချုပ်ကိုရေးသားသည်။ ထို့နေ၁က် ၂၁၂၁ ပြည့်နှစ် ရွေးကောက်ပွဲအပြီး မျှော်လင့်ရသည့် အကျိုး ရလဒ်များကိုရေးသားသည်။ တူရာ တူရာ များကို စုစည်း၍ ဤကဲ့သို့သော ဆွေးနွေးချက်များ ပေါ်ထွက် လာသည်။
အစုအဖွဲ့ တစ်ခုလျှင် ခေါင်းစဉ် တစ်ခုဖြင့် ခေါင်းစဉ် ခြောက်ခုရသည်။ ယင်းတို့မှာ “အမျိုးသမီးများ ဦးဆောင် နိုင်ဖို့ အမုန်းစကားများတိုက်ဖျက်ဖို့”၊၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၅ ရာခိုင် နှုန်းကျပ်နယ်ရရေး” ပြည်နယ်တစ် ၃၀ ရခိုင် နှုန်းဇင်" "အရောင်အသွေးစုံလင်သော အမျိုး သမီး ငယ်များနှင့် လှပနေသော လွှတ်တော်၊ "ပျိုမေတို့၏ အနာဂတ်ပလ္လင်”၊ “အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမို ပါဝင်ဖို့ အားလုံးပါဝင်စို့"တို့ဖြစ်သည်။
အမုန်းစကားတိုက်ဖျက်ရေးအစီအစဉ်
အမုန်းစကားတိုက်ဖျက်ရေးအတွက် အသုံးပြုမည့်အစီအစဉ်ဆောင်ပုဒ်များအနေဖြင့် “အမုန်းစကားများ ဥပဒေနှင့်အညီရင်ဆိုင်ဖြေရှင်းသွား”၊အမုန်းစကား စေ့စပ်ညှိနှိုင်းရေးကော်မတီမှ ထိန်းချုပ်စည်းကား" “အမုန်း ကဒေးရှောင်၊ အမျိုး သမီး ကိုယ်စားလှယ် များအောင်"၊ "အမျိုးသမီးအချင်းချင်း ယုံကြည်အား ထားခြင်း“သန့်ရှင်းလှပအောင် အမျိုးသမီးတွေက ဖော်ဆောင်"၊"အမျိုးသမီးကိုယ်စားလှယ်လောင်းများ အား ကရုဏာ မေတ္တာထား”၊ “အမုန်းစကားများ တိုက်ဖျက်" စသည်တို့ ဖြစ်သည်။
ရရှိလာမည့်အကျိုးရလဒ်များ
အမျိုးသမီးကိုယ်စားလှယ်လောင်းများအပေါ် တိုက် ခိုက်လာမည့် အမုန်းစကားမျိုးကို ကာကွယ်တားဆီးနိုင် ခြင်းဖြင့် ရရှိလာသည့် အကျိုးရလဒ်များအဖြစ် အောက်ပါ အတိုင်း ဆွေးနွေးအဖြေထုတ်ကြသည်
- အမျိုး သမီး ကိုယ်စားလှယ်လောင်းများကို လူထုက ပိုမိုထောက်ခံလာမည်။
- အမျိုးသမီးအခန်း ကဏ္ဍ ပိုမိုမြင့်မား လာပြီး လူမှု စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေမည်။
- လွှတ်တော်ပြင်ပတွင်လည်း အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုစိတ်ဝင်စားမှု မြင့်မားလာမည်။
- အရည်အချင်းရှိသည့် အမျိုးသမီးငယ်များအတွက် နိုင်ငံတော်တွင် အရေးပါထိုက်တန်သည့်နေရာများ ပေါ်ထွက်လာမည်။
- အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မြင့်မားလာမည်။ မိကိုယ်ကို ယုံကြည်မှု ပိုမိုမြင့်မားလာစေပြီးလွတ်လပ်လုံခြုံရွာ မဲဆွယ်စည်းရုံးလာနိုင်မည်။
- အမျိုးသားများနှင့်အတူ တန်းတူရည်တူ လုပ်ပိုင်ခွင့် ဖြစ်ထွန်းလာမည်။
- လူထုကအမျိုးသမီးများအပေါ် ယုံကြည်မှုများရှိသားမည်။
- သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသော အမျိုး သမီးများခေါင်းဆောင်မှု နေရာများကို ရောက်သွား နိုင်ကြမည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မိမိ ရေးဆွဲထားသည့် ရွေးကောက် ပွဲဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၉ -၂၀၂၂) ရည်မှန်းချက်ပန်းတိုင် ပါ ရွေးကောက်ပွဲတွင် အမျိုး သမီးများပါဝင်မှုအခန်းကဏ္ဍ မြင့်မား ရေးအချက်ကို ဦးတည်၍ ဤအလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပခဲ့ အောင်မြင်မှုရလဒ်များ ရရှိခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အတူ အမျိုး သမီးကဏ္ဍဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်း ပါဝင်၍ ဤဆွေးနွေးပွဲ၏ ရလဒ်များကို အကောင် အထည်ဖော် ဆောင်ရွက်သွားခြင်းဖြင့် ၂၁၂ဝ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုအခန်း ကဏ္ဍ ပိုမိုမြင့်မားတိုးတက် လာမည်ဟု ယုံကြည်မိခင်ပါ။
-အမျိုးသမီးလွှတ်တော် ကိုယ်စား လှယ်လောင်း များ အပေါ် လုင်ကြံသတင်းများ အမုန်းစကားများ။
-ရှောင်ရှားနိုင်ကြပါစေ၊ ပေါ်ပေါက်လာနိုင်သည့် လုပ်ကြံသတင်းများ။ အမုန်းစကားများကို တားဆီး ထိန်းနိုင် ကြပါ ၊
- နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုအခန်းကဏ္ဍပိုမိုမြင့်မားစေ ။
နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက် သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်း အရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင် ပါရှိ သည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
(စာတည်းအဖွဲ့)