Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

နေပြည်တော် မတ် ၂၅

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၂၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၅-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၈) ဦး ရှိပါသည်။ (ဇယား -၁)

၃။ ယနေ့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၅၉) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

၄။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ဓာတ်ခွဲတည်ပြုလူနာ အသက် (၂၆) နှစ် အရွယ်အမျိုးသားနှင့် အနီးကပ်ထိတွေ့ခဲ့သူ မိသားစုဝင် (၂) ဦးအား ဆေးရုံတွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု၍ ကျန်ထိတွေ့သူ (၉) ဦးအား နေအိမ်တွင် အသွားအလာ ကန့်သတ်ခြင်းအား တင်းကြပ်စွာ ဆောင်ရွက်ထားရှိပြီး စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။

- အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသည် (၂၁-၃-၂၀၂၀) ရက်နေ့တွင် ဘန်ကောက်မြို့၊ သုဝဏ္ဏဘုမိ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ UB 701, ခုံတန်းအမှတ် (၃) တွင် စီးနင်းလိုက်ပါလာသဖြင့် ခုံတန်းအမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) တို့တွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး (အမြန်ဆုံး) အကြောင်း ကြားပေးကြပါရန်နှင့် ထိုသူများသည်မိမိတို့၏ နေအိမ်၌သာ နေထိုင်ကြပါရန်နှင့်

- ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ဖြစ်ပွားသော ဒေသ၊ နိုင်ငံများမှ ပြန်လာသူများအနေဖြင့် အိမ်တွင် အသွားအလာကန့်သတ်နေထိုင်စဉ် လိုက်နာရမည့် အချက်များကိုလည်းကောင်း၊ ၎င်းတို့၏ မိသားစုဝင်များအနေဖြင့်လည်း လိုက်နာရန် တိုက်တွန်းနှိုးဆော်ချက်များကိုလည်းကောင်း တိကျစွာ လိုက်နာနေထိုင်ကြပါရန် အထူး အလေးထား တိုက်တွန်းအပ်ပါသည်။ https://mohs.gov.mm/Main/content/publication/2019-ncov

၅။ ယခုအခါ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ (၁၉၅) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိ သဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက် ရန် နှိုးဆော်အပ်ပါသည်။

Ref: Ref: Ministry of Health and Sports, Myanmar