နေပြည်တော်၊ မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာနာ့ ဗိမာန်တော်၌ ကျင်းပကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ ဌဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြား ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ဟာ လူသားတွေကို ကူးစက်တာမြန်တဲ့အတွက် ဗိုင်းရပ်စ်တွေရဲ့ သဘောသ ဘာဝအရ ပျောက်ကင်းဖို့အတွက် အချိန်တစ်ခု ပေးရမည်ဖြစ်ကြောင်း ယခုပြုလုပ်ရတဲ့စီမံချက်ကတော့ နောက်လူကိုမကူးဆက်အောင် ကာကွယ်ပေးရမည် နည်းလမ်း များကို ပြောကြားပေးမည့်ဖြစ်ပြီး ဒီရောဂါ ရဲ့အကောင်းဆုံး နည်းလမ်းကတော့ ကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ရာတွင်လည်း လူတစ်ဦးနဲ့တစ်ဦး ယခုတွေ့ဆုံပွဲလို သုံးပေအကွာနေခြင်း၊ လူစုလူဝေးကိုရှောင်ကျဉ်ခြင်း၊ မကြာခဏ လက်ကို ဆပ်ပြာနှင့် ဆေးခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကိုတို့ဖြင့် ကာကွယ်ထားခြင်း တို့ဖြစ်ကြောင်း ဒီရောဂါကြီး အမြန်ဆုံးပြီးဆုံးသွာရန် အားလုံးတွင် တာဝန်ရှိကြောင်း ပြည်သူတစ်ရပ်လုံး ပါဝင်ရန်လိုအပ်ကြောင်းနှင့် အုပ်ချုပ်ရေးမှူးများ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းကာ စီမံကိန်းကို အကောင်းဆုံးဖော်ဆောင်နိုင်လေ တိုင်းပြည်နှင့် လူမျိုးအတွက် အမြန်ဆုံးအကျိုးရှိလေဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်းက Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေးပြောကြားပြီး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှ Coronavirus Disease 2019 (COVID-19)ရောဂါကာကွယ်ခြင်းနှင့် ပတ်သက်၍ 2019-nCoV လက်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ ခွင့်သွားစဉ်/ အိမ်တွင် နေထိုင်စဉ် လိုက်နာရမည့် အချက်များ၊ 2019-nCoV လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်အချက်များ၊ 2019 Novel Coronavirus အဆုက်ရောင်ရောဂါ ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို အသုံးပြုခြင်းဆိုင်ရာအကြံပြုချက်များနှင့် နာချေး၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များကို ရှင်းလင်း ဆွေးနွေးပေးသည်။
ယင်းနောက် တက်ရောက်လာသူများက Coronavirus Disease 2019 (COVID-19) ရောဂါ ကာ ကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီအတွင်းရေးမှူး နေပြည်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)