နေပြည်တော် ဇန်နဝါရီ ၈
(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဇန်နဝါရီ (၁၀) ရက် နံနက် ၉ နာရီတွင် ကျင်းပ သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနား ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်(MRTV) ၊ MITV ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း (NRC) ၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ Myanmar State Counsellor Office Facebook page ၊ NRPC Facebook Page၊ Ministry of information Facebook Page ၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့တွင် အဆိုပါနေ့ နံနက် ၈ နာရီ ၄၅ မိနစ် မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)