Skip to main content

လူ့ဘဝအစ ရက်(၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် လူ့ဘဝအစ ရက်(၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာ စစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုလုပ်ငန်းများ လုပ်ငန်းစီမံချက်တည်ရှိရာ ဒေသများတွင်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့ဘဝအစရက်ပေါင်း (၁၀၀၀)သည် အရေးအကြီးဆုံးသော အခိုက်အတန့် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများ တွင် လူ့ဘဝအစရက်ပေါင်း (၁၀၀၀)ကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အခြေခံကောင်းများ ရရှိစေမည့် လုပ်ငန်းများဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ရေး လုပ်ငန်းများ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရှေးဦး အရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုလုပ်ငန်း များနှင့်ပတ်သက်၍ ပြည်သူလူထုတစ်ဦးချင်းစီ နားလည်သဘောပေါက်စေရေးနှင့် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ပညာပေးလုပ်ငန်းများဟာ အရေးကြီးပါကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်နိုင်ရေး နည်းလမ်း ရှာဖွေဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အသိပညာ ပေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင် သွားမည့်အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)