Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

 

နေပြည်တော် ဩဂုတ် ၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးနေမျိုးထွန်းက  ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်  သဘောထားမှတ်ချက်အစီရင်ခံစာကို  ဖတ်ကြားတင်ပြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာ သော အမျိုးသား စာကြည့် တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဥပဒေကြမ်း ပူးပေါင်းကော် မတီဝင် ဦးဇော်ဝင်း က ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါဥပဒေ ကြမ်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လ ပတ် အခွန် ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့်သဘောထား မှတ်ချက်အစီရင်ခံစာ (၇/၂၀၂၀) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေး ကြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က အထွေ ထွေအုပ် ချုပ်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် အတွင်း အခွန်(၄)မျိုး စုစုပေါင်း (၇၃၆ ဒသမ ၆၂၂) ကျပ်သန်း လျာထားခဲ့ရာ (၈၂၉ ဒသမ ၄၄၃) ကျပ်သန်းကောက်ခံရရှိခဲ့သဖြင့် လျာထားချက်အပေါ် (၁၁၂ ဒသမ ၆) ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အခွန်(၄)မျိုးအား အခွန်အမျိုးအစား အလိုက် လျာထားချက်များရေးဆွဲကောက်ခံ၍ သက်ဆိုင်ရာဘဏ္ဍာ ရန်ပုံငွေစာရင်းများသို့ ပေးသွင်းလျက်ရှိရာ အမှန်တကယ်ရသင့်သော အခွန်ငွေနှင့် အနီးစပ်ဆုံးလျာထား သတ်မှတ်ရန်၊ လျော့၍ လျာထားခြင်းကြောင့် ကောက်ခံရရှိမှု  ရာခိုင်နှုန်း အဆမတန် များပြားနေမှု မရှိစေရေး လျာထားသတ်မှတ်မှုအား တာဝန်ရှိသူ အဆင့်ဆင့်မှ စိစစ်ကြပ် မတ်ဆောင်ရွက်ရန်၊ လျာထား သတ်မှတ် ချက်အား ပြည့်မီ ကျော်လွန်အောင် ကောက်ခံရရှိ စေရေး ကြပ်မတ်ဆောင်ရွက်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနများသို့ အကြောင်းကြားထား ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း များ၏ ပထမ(၆)လပတ် အခွန်ရငွေစာရင်းများနှင့် ၎င်းအပေါ်ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံ စာ(၇/၂၀၂၀) နှင့် စပ်လျဉ်း၍ ဆွေးနွေးချက်များအပေါ် အလေးထား ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ ကောက်ခံရရှိသော အခွန်(၄)မျိုးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားချက်ပြည့် မီကျော်လွန်အောင် ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအဆင့်ဆင့်သို့လည်း အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်၍ ကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂ဝခုဘဏ္ဍာရေးနှစ် အခွန်ရငွေစာရင်းတွင် မူလ လျာထား ချက်အနေဖြင့် လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ငွေကျပ်  (၁၄၈၇ ဒသမ ၄၇၇) သန်းနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ငွေကျပ် သန်း ၃၀၀၀ စုစုပေါင်း ငွေကျပ် (၄၄၈၇ ဒသမ ၄၇၇) သန်းလျာထားခဲ့ပါကြောင်း။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် အခွန်ပြုပြင်ပြီး လျာထားချက် ငွေကျပ် (၁၄၈၇ ဒသမ ၄၇၇) သန်းအပေါ် ဇွန်လ အထိ ငွေကျပ် (၁၁၁၈ ဒသမ ၂၀၉) သန်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ ရငွေသည် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် ၄၂၉  သန်း (၂၉) ရာခိုင်နှုန်း ကောက်ခံရရှိပြီး ၂၀၁၇ - ၂၀၁၈ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်တို့အတွက် ကြွေးကျန် ငွေကျပ် (၆၈၉ ဒသမ ၂၀၉)သန်း ပါဝင်ပါကြောင်း။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂ဝခုဘဏ္ဍာရေးနှစ် အခွန်ပြုပြင်ပြီး လျာထားချက် ငွေကျပ် သန်း ၃၀၀၀ အပေါ် ဇွန်လအထိ ငွေကျပ် (၅၀၄၈ ဒသမ ၅၂)သန်း အခွန်ကောက်ခံရရှိပြီး ရာခိုင်နှုန်း အားဖြင့် ၁၆၈ ဒသမ ၂၈၄ ရာခိုင်နှုန်း ကောက်ခံရရှိပြီး ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပင်လယ်ကမ်း ဝေး ငါးဖမ်းလုပ်ငန်းရှင်များ အခွန်အပြည့်၀ ပေးသွင်းနိုင်ရေးအတွက် ကောက်ခံရရှိ ရေးကို စီမံဆောင်ရွက်သကဲ့သို့ မှတ်ပုံတင်ခြင်းများ ပြင်ဆင်သတ်မှတ် ကောက်ခံခြင်းများကြောင့် ပိုမိုရရှိခြင်းဖြစ်ပါ ကြောင်း။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် လွှတ်တော်အစီရင် ခံစာ တင်ပြပြီးနောက်ပိုင်း ကြွေးကျန်ကောက်ခံရရှိမှုအနေဖြင့် ၂၀၁၇ - ၂၀၁၈ဘဏ္ဍာ ရေးနှစ် ငွေကျပ် ၁ ဒသမ ၁၉၈ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် ငွေကျပ် ၁ ဒသမ ၀၁၇ ဘီလီယံနှင့် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ဇွန်လအထိ ငွေကျပ် သန်း ၄၃၀ စုစုပေါင်း ငွေကျပ် ၂ဒသမ ၆၄၆ ဘီလီယံကောက်ခံရရှိပြီးဖြစ်ပါကြောင်းနှင့် အခွန်ငွေများ ပြေကြေ စွာ ကောက်ခံရရှိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ အခွန်ရငွေစာရင်းများနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၇/၂၀၂၀) အပိုဒ် (၁၄)ပါ သဘောထားမှတ် ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အလေးနက်ထား ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်းနှင့် နိုင်ငံတော်မှ အခွန်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှု မရှိစေရေး အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထားစီမံခန့်ခွဲကြပ်မတ်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းကိစ္စတို့နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာရဲမြင့်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း နှင့်စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ဆက်လက်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ပြည်သူ့ငွေစာရင်ပူးပေါင်းကော်မတီဝင် ဦးမျိုးဝင်း က အဆိုပါ အစီရင်ခံစာ (၇/၂၀၂၀)ကို လွှတ်တော် က သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယက က ယင်းအဆိုကိုအတည်ပြု ရန်လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာ (၇/၂၀၂၀)ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၏ ပထမ ၆ လပတ်အခွန်ရငွေစာရင်းများ အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ဘဏ္ဍာနှစ်၊ ပထမ ၆ လပတ် အမျိုးသား စီမံကိန်းအစီရင်ခံစာနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ပြန် လည်ရှင်းလင်းဆွေးနွေးကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က  ဈေးကွက်သစ်များ ရှာဖွေရန်နှင့်  ဝယ်လိုအားရှိပြီး ထိုးဖောက်နိုင်သည့် နေရာများ တွင် ကြိုတင်ဈေးကွက်ရှာဖွေမှုများ  ပြုလုပ်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်း ဆွေးနွေးမှုတစ်ရပ်ကို ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သည့်  တာဝန် ရှိသူများနှင့်  ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့်  စီးပွားရေးသံမှူးများအကြားတွင် ညှိနှိုင်းအစည်း အဝေး တစ်ရပ်ကို Online စနစ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံးနှင့် မြန်မာ ကောင်စစ် ဝန်ချုပ်ရုံးတို့တွင် ဈေးကွက်အသစ် ရှာဖွေမှုများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ အချက်အလက်များကို ပေးပို့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ကို အကောင်အထည်ဖော် လျက် ရှိပြီး ပို့ကုန်များအပြင် အရည်အ သွေးစီမံခန့်ခွဲမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ပေါင်းစပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် အမျိုးသားအရည်အသွေးထိန်းချုပ်မှု အခြေခံ အဆောက် အအုံများ မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အစားအသောက်ဘေးကင်းလုံခြုံစေရေးနှင့် ပိုးမွှား ကင်းစင် မှုအစီ အမံများ ပိုမိုအား ကောင်းစေရေးအတွက် ဆက်စပ်ဌာနများနှင့်  ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် များရရှိရေးအတွက် ပံ့ပိုးပေးခြင်း၊ စံချိန်စံညွှန်း နည်းပညာများ ကူညီပေးခြင်းစသည်တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြား သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း နှင့် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဦးမောင်မောင်ဝင်း တို့က ဆက်လက် ရှင်းလင်း ဆွေးနွေး ကြသည်။

ဆက်လက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးကျော်တင့် က ကော်မတီ ၏ အစီရင်ခံစာ (၈/၂၀၂၀) နှင့် (၉/၂၀၂၀) တို့ကို လွှတ်တော်က သဘော တူလက်ခံရန် အဆိုတင်သွင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ် ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၈/၂၀၂၀)နှင့် (၉/၂၀၂၀)တို့ကို သဘောတူအတည်ပြုကြောင်းနှင့် ပြည် ထောင်စုအစိုး ရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ဘဏ္ဍာနှစ် ပထမ၆လပတ် အမျိုးသားစီမံကိန်း အစီရင် ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာ ရေးနှစ် အစိုးရ၏ ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၂၀)အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေး ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဝန်ကြီးဌာနအနေဖြင့် ယခင် ၁၉၈၈ မတိုင်မီကာလအထိ စီမံကိန်း စုစုပေါင်း ၅ခု အတွက် အမေရိကန်ဒေါ်လာ (၈ ဒသမ ၉၂၂) သန်းချေးငွေရယူခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မတိုင်မီ ကာလအတွင်း စိုက်ပျိုးရေးကဏ္ဍ စီမံကိန်း (၆)ခု အတွက်အမေရိကန် ဒေါ်လာ (၇၂ ဒသမ ၇၆၆) သန်း ချေးငွေရယူမှုရှိခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မတိုင်မီ ပြီးခဲ့ သည့် လွှတ်တော် သက်တမ်းကာလ၊ ဝန်ကြီးဌာနအလိုက် အသီးသီးတည်ရှိနေသည့် အချိန်အတွင်း စုစုပေါင်း စီမံကိန်း (၁၁)ခုအတွက် အမေရိကန်ဒေါ်လာ (၁၄၇၇ ဒသမ ၉၀၇) သန်း ချေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကာလတွင် စုစုပေါင်းစီမံကိန်း (၇)ခုအတွက် ချေးငွေ အမေရိကန် ဒေါ်လာ (၅၂၉ ဒသမ ၃၈၇) သန်း ချေးယူဆောင်ရွက်ခဲ့ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိအချိန်တွင် စုစုပေါင်းစီမံကိန်း (၂၉) ခုအတွက် နိုင်ငံခြားချေးငွေ အမေရိကန် ဒေါ်လာ (၂၀၈၈ ဒသမ ၉၈၂)သန်း ချေးယူ ဆောင်ရွက်ခဲ့ ပါကြောင်း၊ အဆိုပါ စီမံကိန်း (၂၉)ခုအနက် သမဝါယမ ကဏ္ဍတွင် စီမံကိန်း (၁)ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် စီမံကိန်း(၁၁)ခု၊ မွေးရေ/ကျေးလက်ကဏ္ဍတွင် စီမံကိန်း (၂)ခု၊ စုစုပေါင်းစီမံကိန်း (၁၄)ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ (၂၆၆ ဒသမ ၉၁) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ စီမံကိန်းလုပ် ငန်းများအနေဖြင့် သမဝါယမကဏ္ဍတွင် စီမံကိန်း(၃)ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် စီမံကိန်း (၇)ခု၊ မွေးရေ/ ကျေးလက်ကဏ္ဍတွင် စီမံကိန်း (၅)ခု စုစုပေါင်း စီမံကိန်း (၁၅)ခုရှိပါ ကြောင်း၊ ယင်းတို့အတွက် ချေးငွေအမေရိကန်ဒေါ်လာ (၁၈၂၂ ဒသမ ၀၇၂) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ငွေထုတ်ယူရမည့် ချေးငွေသက်တမ်း ကာလ ကုန်ဆုံးပြီး ငွေဆက်မထုတ်နိုင်တော့သဖြင့် ဆောင်ရွက်ရန်ကျန်နေဆဲ စီမံကိန်း လုပ်ငန်းများ မရှိပါကြောင်း။

တရုတ်နိုင်ငံမှ ချေးငွေရယူ အကောင်အထည်ဖော်လျက်ရှိသည့် စိုက်ပျိုးရေး ကဏ္ဍတွင် စီမံကိန်း(၂)ခုနှင့် သမ ဝါယမကဏ္ဍတွင် စီမံကိန်း(၂)ခု၊ စုစုပေါင်းစီမံကိန်း (၄)ခုရှိပါကြောင်း၊ အဆိုပါ စီမံကိန်း(၄)ခုအနက် စီမံကိန်း (၁)ခုမှာ ချေးငွေ အကျေပေး ဆပ်ပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ တင်ပြပါဆောင်ရွက်ဆဲ ကြွေးမြီနှင့် စပ်လျဉ်းသည့် ချေးငွေစီမံကိန်းများကို ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အကြံပြု သုံးသပ်ချက် များနှင့် အညီ အလေးအနက်ထား လိုက်နာဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ဆက်လက်ရှင်းလင်းဆွေးနွေးကြ သည်။

ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ကော်မတီ၏အစီရင်ခံစာ (၁၀/၂၀၂၀)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြု ရန် လွှတ်တော်၏ အဆုံး အဖြတ် ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်ထောင် စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာ ရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို မှတ်တမ်းတင်  ကြောင်း နှင့် ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ် ချက် အစီရင်ခံစာ (၁၀/၂၀၂၀) ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဩဂုတ် ၁၉ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်