တောင်ကြီး ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်တွင် ယနေ့ နံနက်၈နာရီခွဲက ဒေသခံများ ဖြစ်ကြသော ဒေါ်စန်းစန်းအေး၊ ဦးစိုးအောင်၊ ဒေါ်လှမြင့်တို့ နေအိမ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သန်းခေါင်စာရင်းကောက်ယူနေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရတင်ကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့နှင့် အတူ တစ်အိမ်တက်ဆင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)