Skip to main content

နေအိမ်တွင် နေထိုင်ခြင်းသည်သာ...

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိန်းဂဏန်းများက ရပ်တန့်မှုမရှိ နေ့စဉ်တိုး၍ သာနေသည်။ စက်တင်ဘာလ၂၁ရက်က ဓာတ်ခွဲ စစ်ဆေးမှုများတွင် ရောဂါပိုး တွေ့ရှိသူပေါင်း ခြောက်ရာကျော် တွေ့ရှိခဲ့သည်။ ခရီးသွားရာဇဝင်မရှိ၊ ဓာတ်ခွဲအတည်ပြုလူနာ များနှင့်လည်း ထိတွေ့မှုမရှိသည့်သူများ တွင်ပါ ရောဂါပိုး ကူးစက်မှုများ တွေ့ လာရသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအတွက် စည်းကမ်း သတ်မှတ်ချက်များ ထပ်မံထုတ်ပြန်လိုက်သည်။ ။

ရောဂါပိုးသည် မိမိတို့ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည့်သဘောရှိသည်။ မိမိတွင် အကာအကွယ် မရှိပါက (ဥပမာ- နှာခေါင်းစည်းတပ်မထားခြင်း) လူများနှင့် မထိတွေ့သော်လည်း ကူးစက်နိုင် သည့်အခြေအနေတွင် ရှိနေသည့် သဘောဖြစ်သည်။ ထို့ကြောင့် ယခုကာလတွင် မိမိအိမ်တွင် နေထိုင်ခြင်း သည်သာ အကောင်းဆုံးကာကွယ်နည်း ဖြစ်သည်။

ယခင်ချမှတ်ခဲ့သော စည်းကမ်းချက်များအရ မိသားစု ငါးယောက် ရှိသောအိမ်တွင် ကုမ္ပဏီဝန်ထမ်း သော် လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းသော်လည်းကောင်း သုံးယောက်လောက်ရှိမည်၊ အိမ်တွင်နေသူက ဈေးသွား မည်ဆိုပါက အားလုံး အပြင်ထွက်၍ရနေသည့်သဘော ဖြစ်နေသည်။ ယခု ချမှတ်လိုက်သော စည်းကမ်းချက်များက အထက်ကဆိုခဲ့သည့် မိသားစု မျိုးတွင် မိသားစုဝင်တစ်ယောက်သာ ဈေးသွား၍ရပြီး ကျန်ဝန်ထမ်းများက အိမ်ကနေအလုပ်တာဝန်များ ထမ်းဆောင်ရမည် ဖြစ်သည်။ ထို့အတူ အထည်ချုပ်လုပ်ငန်းကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်နေသူများကိုလည်း ယခုလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိလုပ်ငန်းခွင် မသွား ရောက်ရန် တားမြစ်လိုက်သည်။ အဓိကအားဖြင့် မဖြစ်မနေလည်ပတ်ရမည့် လုပ်ငန်းများမှအပ လူအများစုဖြင့်လုပ်ရသော လုပ်ငန်းများကို လျှော့ချယခုလ၂၄ ရက်န်းကဲ့သို့သော လုပ်ငန်းဆောင်ရမည် ဖြစ်သည်ထမ်းများက လိုက်ခြင်းဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းဖြစ်သည်။ ပြည်သူများက နားလည်မှုရှိရှိဖြင့် လိုက်နာကြရန် လိုအပ်သည်။

ယခုအခြေအနေတွင် ရောဂါကူးစက်ပျံ့နှံ့မှုကိုထိရောက်စွာ ထိန်းချုပ်ရန် လိုအပ်နေသည်။ တာဝန် ရှိသူများအနေဖြင့် တစ်နေ့လျှင် လူနာ ၃၀၀ နှုန်း အထိ လက်ခံကုသနိုင်အောင်ဆောင်ရွက်နေသည်။ ထိုထက် ပိုမိုရောက်ရှိ လာပါက ရက်ကြာလာလျှင် နေရာအခက်အခဲရှိလာနိုင်သည်။ ထို့ကြောင့် နည်းဗျူဟာများချမှတ်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။ အဓိကအားဖြင့် ရောဂါပိုးရှိသူ လူနာများ နှင့် ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေ၍ ကူးစက် မှုများ ကွင်းဆက်ဖြတ်နိုင်အောင် ဆောင်ရွက် နေသည်။ ထိုအခြေအနေတွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးသည်။ ရောဂါပိုးရှိသူ လူနာများနှင့် ထိတွေ့ခဲ့ သူများကိုသတင်းမပေးခြင်း၊ သတင်းထိမ်ချန်ထားခြင်း တို့ရှိပါက ထိုသူများမှတစ်ဆင့် ကူးစက်မှုများဆက်လက်ပြန့်ပွားပြီး တစ်ယောက်ကစတစ်ရာ ဆိုသည့်အတိုင်း ကူးစက်မှုများတိုးပွားကာ ရောဂါထိန်း ချုပ်ရေးဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။

လတ်တလောအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တွင်နေထိုင်သူများအတွက် အသွားအလာကန့် သတ်မှု(Facility Quarantine)ကို သတ်မှတ်နေရာတွင် ခုနှစ်ရက်၊ နေအိမ်တွင် ခုနစ်ရက် သတ်မှတ်ထားသည်။ သတ်မှတ် နေရာတွင် ခုနစ်ရက်ထားပြီး ပိုး ရှိ၊ မရှိ စစ်ဆေးမည်၊ မရှိပါက နေအိမ်တွင် ခုနှစ်ရက် အသွားအလာကန့်သတ် နေထိုင်ရမည်၊ ၁၄ ရက်ကျော်လျှင် အခြား သူသို့ မကူးစက်နိုင်တော့သည့် အတွက် အသွားအလာကန့်သတ်မှုများကို လျှော့ချလိုက်ခြင်း ဖြစ်သည်။ အသွားအလာကန့်သတ်နေထိုင်စဉ်အတွင်းတွင်လည်း သတ်မှတ်စည်းကမ်း များကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်သည်။ ။

အကယ်၍ မိမိတွင် ရောဂါပိုးကူးစက်ခံရပါက ကျန်းမာရေး စောင့်ရှောက်မှုများကို တိတိကျကျ လိုက်နာခံ ယူပါလျှင် ရက်ပိုင်းအတွင်း သက်သာပျောက်ကင်းနိုင်သည်။ သို့သော်လည်း ကျန်းမာရေး အသိ အားနည်းမှုကြောင့် မစိုးရိမ်သင့်ဘဲစိုးရိမ် နေခြင်း၊ စိုးရိမ်မှုလွန်ကဲရာမှတစ်ဆင့် သတင်း ထိမ်ချန်မှုများရှိနေခြင်း၊ အကြောက်တရားကင်းမဲ့သူများကလည်း စည်းကမ်းမဲ့ သွားလာနေထိုင်ခြင်း တို့ကြောင့် ရောဂါကူးစက်မှုများ ထိန်းချုပ် ရာတွင် အခက်အခဲများဖြစ်ပေါ်နေရခြင်းဖြစ်သည်။ ။

ထို့ကြောင့် မိမိတို့ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းချက် များကို လိုက်နာခြင်းဖြင့် ရောဂါကူးစက်မှုကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ရန်လိုအပ်နေသည်။ အနည်းဆုံးအားဖြင့် မည်သည့် အကြောင်းကိစ္စမျှမရှိပါက မိမိအိမ်တွင် နေထိုင်ခြင်းဖြင့် ကူညီပေးကြ ရန် တိုက်တွန်းလိုက်ရပါသည်။ ။