ဗိုလ်တထောင် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၃)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ဗိုလ်တထောင်ဈေး လမ်းထောင့်ရှိ Times city center ကိုဗစ်-၁၉ရောဂါကုသရေး ဌာနသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀:၁၀)အချိန်က သွားရောက်ကာ တာဝန်ထမ်းဆောင်နေသော စေတနာ့ ဝန်ထမ်း များအား အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ Times city center ကိုဗစ်-၁၉ရောဂါကုသရေးဌာနတွင် စေတနာ့ဝန်ထမ်း(၂၃)ဦး၊ တာဝန်ခံ ဆရာဝန်နှင့် ဆရာဝန်(၁၂)ဦးတို့ တာဝန်ထမ်းဆောင်နေရာ တိုင်းဝန်ကြီးချုပ်က အားပေး စကားပြော၍ ကျန်းမာရေး ဂရုစိုက်ရန်နှင့် နေထိုင်စားသောက်ရေးများကို ဖြည့်ဆည်း ပေးကြောင်းသိရသည်။
Times city center ကိုဗစ်-၁၉ကုသရေးဌာနသို့တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူရှင် ဦးရှောက်စန်း၊ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး၊ ရန်ကုန် အရှေ့ပိုင်း ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်း၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် ကိုနှင့် မြို့နယ် ကိုဗစ်ကော်မတီအဖွဲ့ဝင်များ လာရောက်အားပေးခဲ့ကြောင်းသိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)